သားသမီးတွေကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေလို၍ နေ့စဉ် လမ်းမပေါ်ထွက်ပြီး ကန်စွန်းရွက်များလိုက်ရောင်းခဲ့သော အဖိုးအိုတစ်ဦး

သားသမီးတွေကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေလို၍ နေ့စဥ် လမ်းမပေါ်ထွက်ပြီး ကန်စွန်းရွက်များလိုက်ရောင်းခဲ့သော အဖိုးအိုတစ်ဦး

ထိုင်းနိုင်ငံမှ အသက်၇၇နှစ်အရွယ် အဖိုးအိုတစ်ဦးသည် သားသမီးတွေရှိသော်လည်း အိမ်ထောင်ကိုယ်စီကျကုန်ရာ စားဝတ်နေရေးအတွက် ရုန်းကန်နေရသည်ကို မကြည့်ရက်သည့်အတွက် အပူအပင်ကင်းစွာ တစ်ယောက်တည်း သီးသန့်နေထိုင်ခဲ့သည်။

အဖိုးအိုသည် စားဝတ်နေရေးအတွက်ကို ရေချောင်းဘေးတွင် ပေါက်ရောက်နေသော ကန်စွန်းရွက်များကို မနက်အစောထကာ ကန်ဘေးသို့သွားရောက်ပြီး နှုတ်ယူကာ နှီးလေးနှင့်စည်းခဲ့သည်။

ထို့နောက် အဖိုးအိုသည် မြို့ထဲလမ်းမပေါ်သို့ စက်ဘီးလေးတစ်စီးနှင့်အတူ ကန်စွန်းရွက်များ လှည့်လည်ရောင်းချခြင်းဖြင့် သားသမီးတွေကို ဒုက္ခ မပေးတော့ပဲ တစ်ယောက်တည်း ဘဝကိုရိုးရှင်းစွာ ဖြတ်သန်းနေထိုင်ခဲ့၍ အများမှချီးကျူးခဲ့ကြသည်။





Leave a Reply

Your email address will not be published. Required fields are marked *