ခင်ပွန်းဖြစ်သူကို အတိုင်းမသိ လွမ်းဆွတ်သတိရနေကြောင်း အရင်ကပုံရိပ်လေးတွေနဲ့ အတူ ရင်ဖွင့်လာတဲ့ ဒါရိုက်တာ ကိုပေါက်ရဲ့ ဇနီး

ခင်ပွန်းဖြစ်သူကို အတိုင်းမသိ လွမ်းဆွတ် သတိရနေကြောင်း တစ်ချိန်က အမှတ်တရ ပုံရိပ်လေးတွေနဲ့အတူ ရင်ဖွင့်ပြောပြလာတဲ့ ကိုပေါက်ဇနီး မိသားစုတွေ အမြန်ပြန်ဆုံနိုင်ပါစေ

ဒါရိုက်တာကိုပေါက်ကတော့ အောင်မြင်လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားကာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ခဲ့ပါတယ်။

ကိုပေါက်က ခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးလည်း တစ်ထောင့်တစ်နေရာကနေ အားကြိုးမာန်တက်ပါဝင်ကာ လူထုလှုပ်ရှားမှုတွေမျိုးစုံကို တက်တက်ကြွကြွလုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါကြောင့် အခုချိန်မှာတော့ ကိုပေါက်က ဖမ်းဝရမ်း ထုတ်ခံထားရတာကြောင့် မိသားစုနဲ့ ခွဲခွာပြီး ထွက်ပြေးတိမ်းရှောင်နေရပါတယ် ။

ပရိသတ်တွေရော မိတ်ဆွေတွေကပါ ကိုပေါက်တို့ မိသားစုလေး အမြန်ပြန်ဆုံနိုင်ဖို့ကိုလည်း ဆုတောင်းပေးနေကြတာ ဒီနေ့အထိပါပဲ ။

အခုလည်း ဇနီးဖြစ်သူက ဒီနှစ် သီတင်းကျွတ်ကာလလေးမှာ မိသားစု အတူတူ မရှိနိုင်တာကြောင့် အတိုင်းမသိ ဝမ်းနည်း စိတ်မကောင်းဖြစ်နေကြောင်းကို တစ်ချိန်က အမှတ်တရလေးတွေနဲ့ အတူ ”ဒီနှစ် သီတင်းကျွတ်မှာ မိသားစုတွေ မစုံရပေမယ့် တန်ဆောင်တိုင် မီးထွန်းပွဲမှာ ပြန်ဆုံရရင် သိပ်ကောင်းမှာပဲ ” ရေးသားထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးရင်း အမြန်ပြန်ဆုံနိုင်ကြပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *