အမှုပိတ်သိမ်းလိုက်တယ် ဆိုရင်တောင် သူမရဲ့ အစ်ကို ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူးလို့ ဆိုလာတဲ့ ရေမွန့်ညီမလေး

ပရိသတ်ကြီးရေ ဂီတနယ်ပယ်မှာ အောင်မြင်နေတဲ့ ကြယ်ပွင့်ဖြစ်တဲ့ အဆိုတော် ရေမွန်ကတော့ အမှန်တရားအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ပြည်သူအချို့နဲ့ အနုပညာရှင်အချို့ကိုပြန်လွတ်ပေးမယ်လို့ သတင်းတွေကြားနေရတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် ၅၀၅ကအမှု့ ပိတ်သိမ်းလိုက်ရင်တောင် ဘယ်တော့မှ အိမ်ပြန်မလာနိူင်တော့မယ် အစ်ကိုဖြစ်သူအကြောင်း ရေမွန်ညီမလေးက ဝမ်းနည်းစွာ ပြောပြလာတာလည်း ဖြစ်ပါတယ်။

လပြည့်ကဗျာက သူရောဘယ်တော့ ပြန်လာမှာလဲ အမတဲ့ လွတ်မြောက်အေးချမ်းတဲ့ နေရာတစ်ခုကို ရောက်ရှိနေနှင့်ပြီးသားသူမို့ သူဟာပြန်လာဖို့ မလိုပါဘူးကွယ် ပြောင်းခင်းကြီးတွေ မြင်တဲ့အခါ သက်တန့်ကြီး ဖြတ်ပြေးသွားတဲ့အခါ အိမ်တံစက်မြိတ်အောက်က မိုးရေကျသံလေးတွေ ကြားရတဲ့အခါ

သတိတရရှိနေပေးပါ ဆေးလိပ်တိုလေးလက်မှာညှပ်လို့အိမ်ရှေ့ အုတ်ခုံလေးပေါ်ကနေဟိုးမီးရောင်မရှိတဲ့ လမ်းမကြီးကို ငေးမောကြည့်ရင်းဘာတွေကို စဉ်းစားနေခဲ့ပါသလဲ သွေးနဲ့ ဖောက်ရမယ့်ပေးဆပ်မှုတွေ အကြောင်းလား

အမေ့ကို ဟောဒီ့သား မပါနိုင်တော့ဘဲကန်တော့ရမယ့်မပျော်နိုင် ရက်ကောင်းရက်မြတ်တွေ အကြောင်းလားဆိုပြီး ဝမ်းနည်းစွာ ပြောပြလာတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *