သုဘရာဇာ လို့ မိတ်ဆက်လိုက်တော့မှ လာရောက် ပွေ့ဖက် နမ်းရှုံ့ ကြတယ် ဆိုတဲ့ ဦးကျော်သူ ရဲ့ နိုင်ငံခြား ခရီးစဉ် အကြောင်း

အကယ်ဒမီဆုရှင် ဝါရင့်သရုပ်ဆောင်ကြီး ဦးကျော်သူပြောပြလာတဲ့ ရုပ်ရှင်သရုပ်ဆောင်ဘဝနှင့် သုဘရာဇာအလုပ်အကြောင်းပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့သရုပ်ဆောင်ကျော်သူကရုပ်ရှင်သရုပ်ဆောင်အလုပ်အကြောင်းနဲ့သုဘရာဇာအလုပ်အကြောင်းကိုအခုလိုပြောပြလာခဲ့ပါတယ်နော်။

သရုပ်ဆောင်ကျော်သူကကိုရီးယားမှာပေါ့ဗျာ၊အကယ်ဒမီရုပ်ရှင်သရုပ်ဆောင်ဖြစ်တယ်လို့ကိုရီးယားလိုမိတ်ဆက်ပေးတော့ပြုံးပြလေရဲ့။

ရုပ်ရှင်လည်း ရိုက်တယ်၊အသုဘလည်းချတဲ့ကုသိုလ်ဖြစ်သုဘရာဇာလို့လည်းမိတ်ဆက်ပေးရောပြုံးပြယုံတင်မကတော့ဘူးအတ.င်းလက်ကိုဆွဲကိုင်ဖက်ပြီးဓါတ်ပုံရိုက်ခိုင်းတော့တာဘဲဗျာ။

တစ်ချို့ဆိုရင်ထမင်းစားပွဲမှာတကယ့်အဓိကဧည့်သည်တော်တွေထိုင်တဲ့ထိပ်ဆုံးထိုင်ခုံမှာနေရာချပေး၊အရေးကြီးတဲ့နိုင်ငံတော်အခန်းအနားဖွင့်ပွဲမှာ ဖဲကြိုးဖြတ်ပေးခိုင်းလိုခိုင်းနေရာပေးလိုက်ကြတာလေ။

ဒါကလူကြီးကော၊လူငယ်ကော၊မိန်းမကြီးကော၊မိန်းမငယ်လေးတွေကောဗျ၊သူဌေးကော၊ကမ္ဘာကျော်မင်းသားကောပြည်သူအရပ်သားကောဗျ၊အားလုံးကတစ်ပုံစံထဲဆက်ဆံမှုတုန့်ပြန်မှုတွေတစ်ထပ်ထဲဗျာ။

မြန်မာပြည်ဆိုရင်တော့အရင်ကပေါ့ဗျာ၊မင်းသားပါဆိုတော့ ပြုံးပြီးဓါတ်ပုံရိုက်ရင်ရိုက်အော်တိုထိုးခိုင်းရင်ခိုင်းပေါ့၊သုဘရာဇာဆိုတာနဲ့မျက်နှာပျက်ပြီးနူတ်ခမ်းမဲ့ရွဲ့ပြီးဝေးဝေးကိုရှောင်ထွက်သွားလေရဲ့။

ဒါဟာ ပြည်ပနိုင်ငံနဲ့မြန်မာနိုင်ငံရဲ့မတူညီတဲ့ဆက်ဆံရေးပေါ့ဗျာ။ ဪ၊ထေရဝါဒဗုဒ္ဓဘာသာတွေရဲ့နိုင်ငံမှာဘာဖြစ်လို့များဒီလောက်အယူသည်းကြပါလိမ့်လို့၊ဒွိဟဖြစ်မိပါရဲ့ဗျာဆိုပြီးတော့ရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

မြန်မာပြည်ကြီးလဲအမြန်ဆုံးငြိမ်းချမ်းပြီးဖတ်ရှု့ပေးကြတဲ့ မြန်မာပြည်သူ/သားများအားလုံးစစ်အာဏာရှင်လက်အောက်ကနေ အမြန်ဆုံးလွတ်မြောက်ကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *