သီတင်းကျွတ်အခါသမယလေးမှာ ဝေးကွာနေကြတဲ့ မိသားစုတွေပြန်လည်ဆုံတွေ့နိုင်ကြစေဖို့ သားသားမီးမီးတို့နဲ့အတူဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ နန်းမြတ်ဖြိုးသင်း

နန်းမြတ်လို့အားလုံးကချစ်စနိုးခေါ်ကြတဲ့သရုပ်ဆောင်မင်းသမီးချောနန်းမြတ်ဖြိုးသင်းကတော့အနုပညာလောကမှာအောင်မြင်စွာရပ်တည်ခဲ့သူတစ်ယောက်ပါ။

နန်းမြတ်ကတော့လက်ရှိမှာသားသားလေးနဲ့မီးမီးလေးနှစ်ယောက်ကိုပိုင်ဆိုင်ထားတာလည်းပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါနော်။

ဒါ့အပြင်အနုပညာပိုင်းမှာသရုပ်ဆောင်ကောင်းတဲ့နန်းမြတ်လေးက မိသားစုအပေါ်မှာလည်းတာဝန်ကျေပြီးအိမ်ရှင်မကောင်းတစ်ယောက်အဖြစ်ချစ်ရတဲ့သားနဲ့သမီးနဲ့အတူနေ့စဉ်ဘဝလေးကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတာလည်းတွေ့ရပါတယ်နော်။

သားလေးနဲ့သမီးလေးရဲ့လှုပ်ရှားမှုပုံရိပ်တွေကိုလည်းအမြဲဖော်ပြလေ့ရှိရာအခုလည်းသီတင်းကျွတ်လပြည့်နေ့လေးမှာချစ်ရတဲ့သားနဲ့သမီးနဲ့အတူပျော်ရွှင်စရာလေးတွေဖန်တီးရင်းအမှတ်တရပုံရိပ်လေးတွေကိုဝေမျှလာပါတယ်။

ပုံလေးတွေတိုင်းမှာသားအမိတွေမြန်မာရိုးရာ ဖက်ရှင်လေးတွေအပြည့်နဲ့ကျက်သရေရှိရှိချစ်စကောင်းနေတာကြောင့်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *