ချစ်ရတဲ့ မိဘနှစ်ပါးကို တရိုတသေ ရှိခိုးကန်တော့ရင်း ပျော်ရွှင်ကြည်နူးစရာ အချိန်လေးတွေ နှင့် သီတင်းကျွတ် လပြည့်နေ့လေးကို ဖြတ်သန်းခဲ့တဲ့ ဖြူဖြူထွေး

လူမှုကွန်ယက် စာမျက်နှာပေါ်မှာ မသိသူမရှိလောက်အောင် အောင်မြင်မှုတွေရရှိထားတဲ့ ဖြူဖြူထွေးကတော့ နာမည်လေးနဲ့လိုက်အောင် စိတ်သဘောထားကောင်းပြီး အလှူတန်း ရက်ရောသူလေး ဖြစ်ပါတယ် ။

ဝေဖန်တိုက်ခိုက်မှုတွေကြားကနေ အနုပညာလောကမှာ နေရာတစ်နေရာရရှိအောင် ကြိုးစားခဲ့တဲ့ ဖြူဖြူထွေးက အခုဆိုရင် အားလုံးရဲ့အသိအမှတ်ပြုခြင်းခံထားရပြီ ဖြစ်ပါတယ်။

သူမရရှိတဲ့ အနုပညာကြေးလေးတွေကိုလည်း မကြာခဏဆိုသလို လိုအပ်သူတွေကို တတ်နိုင်သလောက် လှူဒါန်း ကာ ကုသိုလ်ကောင်းမှု တွေ ပြုလုပ်လေ့ရှိသူလေးလည်းဖြစ်ပါတယ်။

မိဘအပေါ်မှာ သိတတ်လိမ္မာပြီး သူရှာဖွေ ရရှိတဲ့ အနုပညာကြေးတွေနဲ့ လုပ်ကျွေး ပြုစုနေသူလည်းဖြစ်ပါတယ် ။

အခုလည်း သီတင်းကျွတ် လပြည့်နေ့လေးမှာ ချစ်ရတဲ့ မိဘ နှစ်ပါးကို သူမရဲ့ ချွေးနှဲစာ ငွေတွေနဲ့ တရိုတသေ ရှိခိုး ကန်တော့ခဲ့တဲ့ အမှတ်တရ ပုံတွေကို ဝေမျှလာပါတယ် ။

ပုံတွေ ကြည့်ပြီး ကြည်နူး ပီတိဖြစ်မိတာကြောင့် ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *