သင်မြင်ဖူးသေးမှာမဟုတ်တဲ့ ချစ်ဖို့ကောင်းလွန်းပြီး ဖြူဖွေးနုဖတ်နေတဲ့ ထိပ်တန်းမင်းသမီးချောလေးဖွေးဖွေးရဲ့ ငယ်ဘဝပုံရိပ်လေးများ

ပြည်သူချစ် သရုပ်ဆောင် သုံးထပ်ကွမ်းအကယ်ဒမီဆုရှင် ဖွေးဖွေးကတော့ အပီပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ ကျရာဇာတ်ကောင်တိုင်းမှာ အကောင်းဆုံး

သရုပ်ဆောင်နိုင်တာကြောင့် ပရိတ်သတ်ကြီးတွေရဲ့ ချစ်ခင်အားပေးမှု ကိုအခိုင်အမာ ၊အပြည့်အဝ ရရှိထားတဲ့ မင်းသမီး ချောလေးပဲ ဖြစ်ပါတယ်

အနုပညာလောကမှာ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကောင်း ပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး အောင်မြင်မှုတွေနဲ့ အနုပညာလမ်း ကြောင်းမှာ လျှောက်လှမ်းခဲ့တာ ယနေ့ထိ တိုင်ပါပဲ

အခုလက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေမှာ ဆိုရင်လည်း ဖွေးဖွေးက ပြည်သူလူထုနဲ့ တစ်သားတည်း ရပ်တည်ခဲ့တာပဲ ဖြစ်ပါ တယ် ဖွေးဖွေးဟာဆိုရင် နွေဦးတော် လှန်ရေးရဲ့ လူထုလှုပ်ရှားမှု မှာလည်း တက်တက်ကြွကြွနဲ့ လမ်းမပေါ်ထွက်ကာ လွတ်လပ်စွာနဲ့ ဆန္ဒ ဖော်ထုတ်ခဲ့ တာပဲဖြစ်ပါတယ်

ဒီလိုပါဝင်ခဲ့တဲ့ အတွက်ကြောင့် ပုဒ်မ ၅၀၅ ကနဲ့ မတရား အမှုဖွင့်အရေး ယူထားခြင်း ခံရတာကြောင့် ဘေးကင်းရာ ကိုရှောင်းတိမ်းနေ ရပါတယ် အကယ်ဒမီဖွေးဖွေးရဲ့ ချစ်ပရိသတ်တွေက သူ့မကို ချစ်စနိုးလေးနဲ့ ဖွေးစိန်လေးလို့ ခေါ်ကြတာဖြစ်ပါတယ်

ဖွေးစိန်တစ်ယောက် ကျန်ခဲ့တဲ့ ဩဂုတ်လကပဲ ၃၃ နှစ်ပြည့်သွား တာပဲဖြစ်ပါတယ် ဘယ်အသက် အရွယ်ပဲဖြစ်ဖြစ် ဖွေးစိန်လေးက နုဖက်နေပြီး ငယ်ငယ်ကတည်းက အရမ်းချစ်ဖို့ ကောင်းနေတာ ဖြစ်ပါတယ်

ပရိသတ်ကြီးလည်း ဖွေးစိန်လေးရဲ့ ငယ်ငယ်တုန်းက ပုံလေးမြင်တွေ့ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *