ပရိသတ်တွေရင်ထဲမှာ ဘယ်တော့မှ ပျောက်ကွယ်မသွားတဲ့ တစ်ချိန်ကအကယ်ဒမီပိုင်ရှင် ဒွေးရဲ့အကြောင်း

ပရိသတ်တွေရင်ထဲမှာဘယ်တော့မှပျောက်ကွယ်မသွားတဲ့တစ်ချိန်ကအကယ်ဒမီပိုင်ရှင်ဒွေးရဲ့အကြောင်း

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့ပရိတ်သတ်ကြီးများအတွက်ပရိသတ်တွေရင်ထဲမှာဘယ်တော့မှပျောက်ကွယ်မသွားတဲ့တစ်ချိန်ကအကယ်ဒမီပိုင်ရှင်ဒွေးရဲ့အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်နော်။

ဒွေးကိုဖခင်ဦးတင်ထွန်းမောင်နဲ့မိခင်ဒေါ်အေးအေးသင်းတို့မှမွေးဖွားပြီးမွေးချင်းများအနက်သားဦးဖြစ်ပါတယ်၊အမည်အရင်းကတော့ထင်လင်းခေါ်သားကြီးဖြစ်ပါတယ်၊ဒွေးကYITမှာအင်ဂျင်နီယာဘွဲ့ရရှိခဲ့ပါတယ်နော်။

အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ဒွေးကဘွဲ့မရခင်မှာဘဲအနုပညာလောကထဲကိုစတင်ဝင်ရောက်နေပါပြီ၊ဦးလေးဖြစ်သူဦးကျော်ဟိန်းကြောင့်ရုပ်ရှင်ရိုက်ကူးခွင့်ရခဲ့ပါတယ်၊ရုပ်ရှင်လောကကိုနာမည်အရင်းဖြစ်တဲ့ထင်လင်းဆိုတဲ့နာမည်နဲ့ပထမဆုံးရိုက်ကူးခဲ့ပြီးနောက်ပိုင်းမှာဒွေးလို့နာမည်ပြောင်းခဲ့ပါတယ်နော်။

၁၉၉၃ခုနှစ်၊ဒါရိုက်တာကျော်ဟိန်းရိုက်ကူးတဲ့ဒုက္ခကိုရောင်ဆိုးတယ်စတဲ့မူးယစ်ဆေးဝါးပညာပေးဗီဒီယိုကား၊ဝေလည်းမွှေးကြွေလည်းမွှေးရုပ်ရှင်ကားတွေနဲ့ပရိတ်သတ်စတင်သိခဲ့ပြီးစတင်အောင်မြင်လာခဲ့ပါတယ်နော်။

ဒွေးကဗီဒီယိုကားပေါင်းများစွာနဲ့ရုပ်ရှင်ကားပေါင်းများစွာရိုက်ကူးခဲ့တဲ့စူပါမင်းသားတစ်ယောက်ဖြစ်လာခဲ့ပါတယ်၊ဗီဒီယိုလောကမှာအောင်မြင်ရုံသာမကပဲဂီတာလောကမှာလဲအောင်မြင်သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်၊၁၉၉၇ခုနှစ်၊အမေ့ခြေရာဇာတ်ကားမှအမျိုးသားဇာတ်ဆောင်ဆုအကယ်ဒမီကိုရရှိခဲ့ပါတယ်နော်။

အောင်မြင်မှုတွေရရှိနေချိန်မှာပဲသရုပ်ဆောင်ဒွေးကမမျှော်လင့်ပဲနှလုံးရောဂါဖြင့်၂၀၀၇ခုနှစ်၊ဇူလိုင်လ၁၁ရက်နေ့၊ညနေ၅နာရီအချိန်၊နေအိမ်မှာပဲကွယ်လွန်သွားခဲ့ပြီပဲဖြစ်ပါတယ်နော်။

သရုပ်ဆောင်ဒွေးကွယ်လွန်သွားပြီဆိုပေမယ့်ယနေ့ထိအောင်မြင်မှုတွေရရှိနေဆဲဖြစ်ပြီး၊ပရိတ်သတ်များကလဲအမှတ်ရသတိရနေကြတဲပဲဖြစ်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *