ခုတစ်ကြိမ်မှာလည်း ပိုင်တံခွန် မပါလာသေးတာကြောင့် အကျဥ◌်းထောင်ရှေ့ကနေ စိတ်ဓါတ်ကျပြီ လှည့်ပြန်ခဲ့ရကောင်း ပြောလာတဲ့ အစ်မဖြစ်သူ မေစစ်သွေး

ဒုတိယအကြိမ်မှာလည်း ပိုင်တံခွန်မပါလာသေးတာကြောင့် အကျဉ်းထောင်ရှေ့ကနေ စိတ်ဓာတ်ကျပြီး လှည့်ပြန်ခဲ့ရကြောင်းဆိုလာတဲ့ အမဖြစ်သူ မေစစ်သွေး

မြန်မာမိန်းကလေးပရိသတ်တွေရဲ့အချစ်ကိုသာမက ထိုင်းမိန်းကလေးတွေရဲ့အချစ်တွေကိုပါသိမ်းပိုက်ထားတာကတော့ မော်ဒယ်ပိုင်တံခွန်ပဲဖြစ်ပါတယ်။ သူကတော့ ဖေဖော်ဝါရီ၁ရက်နေ့မတိုင်ခင်ကအထိ သူ့ရဲ့အောင်မြင်ကြော်ကြားမှုတွေက ကမ္ဘာအနှံ့ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် မမျှော်လင့်တဲ့အဖြစ်ဆိုးက ရောက်ရှိလာခဲ့ပါတယ်။ပိုင်တံခွန်ကတော့ အဲ့ချိန်ကတည်းကနေ မတရားမှုတွေကိုဆန့်ကျင်ဆန္ဒပြရင်း ထွက်ပြေးပုန်းရှောင်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ကျန်းမာရေးမကောင်းတာနဲ့အတူ သူရဲ့နေအိမ်မှာ ဖမ်းဆီးခံရတာ အင်းစိန်ထောင်မှာယနေချိန်ထိ ထိန်းသိမ်းခံခဲ့ရတာပါ။

တစ်နိုင်ငံလုံးကပရိသတ်တွေကလည်း သူ့ရဲ့မာကျောတဲ့စိတ်ဓာတ်တွေကိုချီးကျူးခဲ့ရပြီး ဖမ်းဆီးခံရချိန်မှာလည်း စိတ်မကောင်းဖြစ်ခဲ့ရတာပါ။ခုမှာဆိုရင် ပိုင်တံခွန်ဟာထိန်းသိမ်းခံရတာအချိန်တော်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။နိုင်ငံတကာ ကပရိသတ်တွေကပါသူလွတ်မြောက်ဖို့ဆုတောင်းနေခဲ့တာပါ။

မနေ့ကနိုင်ငံရေးကြောင့်ထိန်းသိမ်းခံရသူတွေကိုလွှတ်ပေးခဲ့ပေမယ့် ပိုင်တံခွန်ကတော့မပါလာသေးပါဘူး။သူ့အစ်မဖြစ်သူကလည်းလူမှုကွန်ရက်ကနေ “ဒုတိယအကြိမ် ထပ်ရိုက်ချိုးခံရသော မျှော်လင့်ချက်လေး”ဆိုပြီးတင်ထားတာပါ။

“ သီတင်းကျွတ်လပြည့်မဟာအခါသမယမှာ…အားလုံး ဘေးဘယာ ကင်းဝေးကြပါစေ ဝေးကွာနေသူများ ပြန်ဆုံစည်းကြပါစေ မင်္ဂလာရှိသော သတင်းကောင်းကြားရပါစေဖမ်းဆီးချုပ်နှောင်ခံထားရသူများ လွတ်မြောက်ကြပါစေ။

အားလုံး ဘေးဘယာ ကင်းဝေးကြပါစေ ဝေးကွာနေသူများ ပြန်ဆုံစည်းကြပါစေ မင်္ဂလာရှိသော သတင်းကောင်းကြားရပါစေဖမ်းဆီးချုပ်နှောင်ခံထားရသူများ လွတ်မြောက်ကြပါစေ။မေမေလည်း အမြန်ဆုံးပြန်လည်ကျန်းမာလာပါစေ အသက်ရှူတိုင်း ငွေဝင်ပါစေ။

မင်္ဂလာရှိသော နေ့လေးတစ်နေ့ဖြစ်ပါစေ… ” ဆိုပြီး ပိုင်တံခွန်ရဲ့အစ်မမှ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း အချစ်တော်ပိုင်တံခွန်လေးကိုအမြန်ဆုံးလွတ်မြောက်ဖို့ဆုတောင်းပေးကြပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *