နှလုံးသားဟာ တစ်ဖန်ပြန်နွေးထွေးပြီး ပန်းတွေဖူးပွင့် လာမှာပါဆိုတဲ့ နန်းစုရတီစိုး

နှလုံးသားဟာ တစ်ဖန်ပြန်နွေးထွေးပြီး ပန်းတွေဖူးပွင့် လာမှာပါဆိုတဲ့ နန်းစုရတီစိုး

နန်းစုရတီစိုး ကတော့ အသက်နဲ့ မလိုက်အောင် လှရက်လွန်းတဲ့ မင်းသမီး တစ်လက် လို့ ဆိုရမှာပါဖက်ရှင်ကျကျဝတ်စား တတ်သလို နုပျိုနေတဲ့အလှတရားတွေကြောင့်လည်း ပြောစမှတ်တွင် ရတဲ့သူတစ်ယောက် ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ဆယ်ကျော်သက်လေး တစ်ယောက်လို နုပျိုလန်းဆန်းနေတဲ့အလှတရားတွေနဲ့ အမိုက်စားဓာတ်ပုံတွေကို ပရိသတ်ကိုမျှဝေလိုက်ပါတယ်။

ဒါ့အပြင်အေးစက်တဲ့လေပြေတွေ တိုက်ခတ်ပြီးရင် နွေဦးရောက်လာမှာပါ လှပတဲ့ပန်းလေးတွေ ထပ်ပွင့်လာမှာပါ ငါ့နှလုံးသားဟာ တစ်ဖန်ပြန်နွေးထွေးပြီး ပန်းတွေ ဖူးပွင့်လာမှာပါ ဆိုတဲ့ စာသားလေး ကိုလည်းရေးသားထား ပါသေးတယ်။

နန်းစုကတော့ အဆိုတော် G Fattနဲ့ စုံတွဲတွေ အဖြစ် လူသိ ရှင်ကြားဆက်ဆံရေးကနေ တစ်ခန်းရပ် သွားတာလည်း မကြာသေးပါဘူး။

နန်းစုရဲ့ ကဗျာဆန်ဆန် စာသားတွေကတော့ပရိသတ်တွေကို သို့လောသို့လောထင်စေတာလည်း ဖြစ်ပါတယ်။

အရမ်းလှနေတဲ့အပျိုကြီး မမနန်းစု တစ်ယောက် နှလုံးသားတွေ နွေးထွေးပြီး ပန်းတွေပွင့်စေဖို့ အကြောင်းတွေများ ရှိနေပြီလားနော်။

Leave a Reply

Your email address will not be published. Required fields are marked *