မတွေ့ရတာ (၈)လခန့်ကြာနေပြီဖြစ်တဲ့ သူငယ်ချင်း သဇင်ထူးမြင့်နဲ့တွေ့ရလို့ ဝမ်းသာပျော်ရွှင်နေတဲ့ ယွန်းယွန်း

မတွေ့ရတာ (၈)လခန့်ကြာနေပြီဖြစ်တဲ့ သူငယ်ချင်း သဇင်ထူးမြင့်နဲ့တွေ့ရလို့ ဝမ်းသာပျော်ရွှင်နေတဲ့ ယွန်းယွန်း

ပရိသတ်ကြီးရေအနုပညာနယ်ပယ်မှာအသက်ငယ်ငယ်လေးနဲ့အောင်မြင်မှုတွေရရှိနေတဲ့သရုပ်ဆောင်ယွန်းယွန်းနဲ့ သဇင်ထူးမြင့်ကတော့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြပြီး တစ်ယောက်ကိုတစ်ယောက်ဂရုစိုက်ကြတဲ့သူတွေပါ။

မြန်မာနိုင်ငံမှာအာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ပြည်သူနဲ့အတူလမ်းမပေါ်ထိထွက်ကာ နှစ်ယောက်လုံးဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်မလို့လည်း သဇင်ထူးမြင့်ကိုပုဒ်မ၅၀၅ကနဲ့ဖမ်းဝရမ်းထုတ်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။

မကြာသေးမီကစစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်နဲ့အမှုရိုတ်သိမ်းပေးတဲ့အထဲမှာသဇင်ထူးမြင့်လည်းပါဝင်ခဲ့ပါတယ်။ယွန်းယွန်းကလည်း သူငယ်ချင်းဖြစ်သူသဇင်ထူးမြင့်နဲ့(၈)လကြာပြီးမှပြန်တွေ့ရလို့ အရမ်းဝမ်းသာနေတဲ့အကြောင်းသူမရဲ့ IG မှာမျှဝေထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *