မောင်လေးပြေတီဦးနှင့်ညီမအိန္ဒြာကျော်ဇင်တို့ရဲ့ သတင်းအမှားများမဖြန့်ကြဖို့ အစ်မဖြစ်သူတောင်းဆို

မောင်လေးပြေတီဦးနှင့်ညီမအိန္ဒြာကျော်ဇင်တို့ရဲ့ သတင်းအမှားများမဖြန့်ကြဖို့ အစ်မဖြစ်သူတောင်းဆို

မကြာသေးမီကလူပြောများခဲ့တဲ့ သတင်းများနှင့်ပတ်သတ်ပြီး အိန္ဒြာကျော်ဇင်ရဲ့ အစ်မဖြစ်သူဒီဇိုင်နာ မအိကျော်ဇင်မှ အနုပညာရှင်ဇနီးမောင်နှံနှစ်ယောက်နဲ့ပတ်သတ်ပြီး သူတို့ရဲ့အနုပညာကို တန်ဖိုးထားချစ်ပေးတယ်ဆိုရင်သတင်းအမှားများကို မတင်ကြဖို့မေတ္တာရပ်ခံထားပါတယ်။

ပရိသတ်များအနေနှင့်လည်း သတင်းမှားများကို မိသားစုဝင်တွေရဲ့အတည်ပြုချက် မရမချင်းမယုံကြည်ကြရန်ပြောထားပါတယ်။

အကြောင်းအရာအမှားများဟာ အိမ်မှာရှိနေတဲ့ကာယကံရှင့်မိသားစုဝင်တွေကို ထိခိုက်နစ်နာစေတာကြောင့်ကလေးငယ်လေးတွေကို ငဲ့ညှာသောအားဖြင့်သတင်းမှားများမတင်ကြဖို့ မေတ္တာရပ်ခံရခြင်းဖြစ်တယ်လို့သူမရဲ့လူမှုကွန်ရဲ့ စာမျက်နှာမှာဖော်ပြထားပါတယ်။

မြန်မာပြည်ရဲ့နာမည်ကြီးအနုပညာရှင်အိန္ဒြာကျော်ဇင်နှင့်ပြေတီဦးတို့ဟာပြီးခဲ့တဲ့ဧပြီလကတည်းက အဖမ်းဆီးခံထားရတဲ့သူတွေဖြစ်ကြပြီးအခုဆိုရင် ဖမ်းဆီးခံထားရတာ အချိန်ကာလ ၆လ ကြာမြင့်ခဲ့ကြပြီဖြစ်ပါတယ်။

ပရိသတ်တွေအနေနဲ့လည်းသူတို့ချစ်ကြတဲ့အနုပညာရှင်တွေအတွက်များစွာစိတ်မကောင်းဖြစ်လျှက်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *