သားသမီးတွေအရွယ်ရောက်လာသောအခါ မလုပ်နိုင်မကိုင်နိုင်ဖြစ်သွားသည့် ဖခင်ဖြစ်သူအား အိမ်ကနေ မောင်းထုတ်ခဲ့သောအဖြစ်

မိဘတိုင်းက သူတို့ရဲ့သားသမီးတွေအပေါ်မှာ မျှော်လင့်ချက်ကင်းစွာနဲ့ ပြုစုပျိုးထောင်ပေးတတ်ကြသော်လည်း အချို့သောသားသမီးတွေအလှည့်ကျ ထိုသို့သော မေတ္တာစိတ်ထားမျိုးမရှိခဲ့ပေ။

သို့ဖြစ်၍ ဖိလစ်ပိုင်နိုင်ငံမှ အသက် ၈၀ကျော်အရွယ် အဖိုးအိုတစ်ဦးသည် သားသမီး၂ယောက်ရှိပြီး အသက်ကြီးလာ၍ မလုပ်နိုင်မကိုင်နိုင်တော့သည့်အခါ ပြန်လည်ကျွေးမွေးပြုစုမည့်အစား အိမ်ကနေမောင်းထုတ်ပစ်ခဲ့သည်။

အဖိုးအိုသည် ဇနီးသည်ဆုံးပါးသွားပြီးနောက်ပိုင်း သားသမီးတွေက မလိမ်မာ မသိတတ်သည့်အတွက် အတော်လေးစိတ်ဒုက္ခရောက်ခဲ့ရာ ငယ်စဥ်ပင်ပင်ပန်းပန်း ကျွေးမွေးခဲ့သမျှ သူတို့အရွယ်လည်းရောက်ရော အဖိုးအိုခမျာ ဖခင်တစ်ယောက်အဖြစ် သတ်မှတ်ခြင်းမခံခဲ့ရတော့ပေ။

ထို့နောက် အဖိုးအိုသည် တစ်နေ့တခြား အလုပ်တွေလည်း မလုပ်နိုင်တော့ပဲ အစစအရာရာ သူတို့ကိုအားကိုးရမည့်ချိန်တွင် အိမ်ထောင်ကိုယ်စီကျပြီးနောက် အရှုပ်ထုပ်ဖြစ်ရတယ်ဆိုပြီး မောင်းထုတ်ခဲ့သည်။

ကံကောင်းစွာဖြင့် အဖိုးအိုအား ကူညီမယ့်သူပေါ်လာကာ တစ်နေကုန်အစားမစားရသေးသည့်အတွက် မုန့်နှင့်ဖျော်ရည်ကို ဝေပေးခဲ့ပြီး အခြားသူများမှအကူညီပေးရန် လူမှုကွန်ယက်တွင် မျှဝေခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *