အလှူရှင်တွေ လှူဒါန်းပေးလာတဲ့ ဖိနပ်သစ်လေးတွေ စီးရလို့ ဝမ်းသာပျော်ရွှင်နေကြတဲ့ စစ်ရှောင်ကလေးငယ်တွေရဲ့ ကြည်နူးစရာမြင်ကွင်း

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်တဲ့ နိုင်ငံရေးရိုက်ခတ်မှုတွေကတော့ တစ်နေ့တခြား ပိုမိုဆိုးဝါးလာတာနဲ့အမျှ ဒုက္ခပင်လယ်တွေကြားမှာ နစ်မွန်းခဲ့ရတဲ့ ပြည်သူတွေလည်း ပို၍များပြားလို့လာခဲဲ့ပြီဖြစ်ပါတယ်။သေဆုံးခဲ့ကြတဲ့ သူတွေကလည်း ထောင်နဲ့ချီရှိလာသလို ဖမ်းဆီးချုပ်နှောင်ခံရတဲ့သူလည်း ပိုမိုများပြားလာခဲ့ပြီဖြစ်ပါတယ်။

တချို့နေရာတွေမှာတော့ ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စည်းစိမ်တွေနဲ့ မြို့ရွာတွေကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေလည်း သောင်းနဲ့ချီရှိလာခဲ့ပါတယ်။

ဒီလိုထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ပြည်သူတွေထဲမှာ အသက်အရွယ်ကြီးသူများအပြင် အတန်းပညာတောင် ကောင်းစွာမသင်ကြားရသေးတဲ့လူမမယ်အရွယ် ကလေးသူငယ်များလည်း ပါဝင်ခဲ့ပါတယ်။

သနားကြင်နာတတ်တဲ့ စေတနာရှင်တချို့ကတော့ အပူမီးတွေရင်မှာပိုက်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေအပြင် ဆေးဝါးများနဲ့ အခြားလိုအပ်တဲ့ အသုံးအဆောင်တွေကို တတ်နိုင်သလောက် ကူညီထောက်ပံ့ လှူဒါန်းပေးကြတာတွေလည်း ရှိခဲ့ပါတယ်။

ယခုမှာလည်း ပြည်သူတွေရဲ့အကျိုးကို နေ့မနားညမနား စွမ်းစွမ်းတမံ လုပ်ဆောင်နေတဲ့ CleanYangon အဖွဲ့သားတွေရဲ့ ကြည်နူးစရာ လှူဒါန်းမှုတစ်ခုကို တွေ့မြင်ရပါတယ်။

ဒါကတော့ စစ်ရှောင်လာခဲ့တဲ့ ကလေးငယ်တွေအတွက် စေတနာရှင်များရဲ့ စုပေါင်းကုသိုလ်ဖြင့် ဖိနစ်သစ်လေးတွေ စီးလို့ရအောင် လှူဒါန်းပေးခဲ့တာပါ။လှူဒါန်းမှုပုံရိပ်လေးတွေမှာ ဖိနစ်သစ်လေးတွေရလို့ ဝမ်းသာအားရ ပျော်ရွှင်နေကြတဲ့ စစ်ရှောင်ကလေးငယ်တွေရဲ့ အပြုံးတွေကတော့ မြင်ရသူတိုင်း ကြည်နူးစေမှာတော့အမှန်ပါ။

ျမန္မာႏိုင္ငံမွာ ျဖစ္ေပၚတဲ့ ႏိုင္ငံေရး႐ိုက္ခတ္မႈေတြကေတာ့ တစ္ေန႔တျခား ပိုမိုဆိုးဝါးလာတာနဲ႔အမွ် ဒုကၡပင္လယ္ေတြၾကားမွာ နစ္မြန္းခဲ့ရတဲ့ ျပည္သူေတြလည္း ပို၍မ်ားျပားလို႔လာခဲဲ့ၿပီျဖစ္ပါတယ္။ေသဆုံးခဲ့ၾကတဲ့ သူေတြကလည္း ေထာင္နဲ႔ခ်ီရွိလာသလို ဖမ္းဆီးခ်ဳပ္ေႏွာင္ခံရတဲ့သူလည္း ပိုမိုမ်ားျပားလာခဲ့ၿပီျဖစ္ပါတယ္။

တခ်ိဳ႕ေနရာေတြမွာေတာ့ ျပင္းထန္တဲ့ တိုက္ပြဲေတြေၾကာင့္ အိုးအိမ္စည္းစိမ္ေတြနဲ႔ ၿမိဳ႕႐ြာေတြကို စြန္႔ခြာၿပီး ထြက္ေျပးတိမ္းေရွာင္ေနရတဲ့ ျပည္သူေတြလည္း ေသာင္းနဲ႔ခ်ီရွိလာခဲ့ပါတယ္။

ဒီလိုထြက္ေျပးတိမ္းေရွာင္ခဲ့ရတဲ့ ျပည္သူေတြထဲမွာ အသက္အ႐ြယ္ႀကီးသူမ်ားအျပင္ အတန္းပညာေတာင္ ေကာင္းစြာမသင္ၾကားရေသးတဲ့လူမမယ္အ႐ြယ္ ကေလးသူငယ္မ်ားလည္း ပါဝင္ခဲ့ပါတယ္။

သနားၾကင္နာတတ္တဲ့ ေစတနာရွင္တခ်ိဳ႕ကေတာ့ အပူမီးေတြရင္မွာပိုက္ၿပီး ထြက္ေျပးတိမ္းေရွာင္ခဲ့ရတဲ့ ျပည္သူေတြအတြက္ စားနပ္ရိကၡာေတြအျပင္ ေဆးဝါးမ်ားနဲ႔ အျခားလိုအပ္တဲ့ အသုံးအေဆာင္ေတြကို တတ္ႏိုင္သေလာက္ ကူညီေထာက္ပံ့ လႉဒါန္းေပးၾကတာေတြလည္း ရွိခဲ့ပါတယ္။

ယခုမွာလည္း ျပည္သူေတြရဲ႕အက်ိဳးကို ေန႔မနားညမနား စြမ္းစြမ္းတမံ လုပ္ေဆာင္ေနတဲ့ CleanYangon အဖြဲ႕သားေတြရဲ႕ ၾကည္ႏူးစရာ လႉဒါန္းမႈတစ္ခုကို ေတြ႕ျမင္ရပါတယ္။

ဒါကေတာ့ စစ္ေရွာင္လာခဲ့တဲ့ ကေလးငယ္ေတြအတြက္ ေစတနာရွင္မ်ားရဲ႕ စုေပါင္းကုသိုလ္ျဖင့္ ဖိနစ္သစ္ေလးေတြ စီးလို႔ရေအာင္ လႉဒါန္းေပးခဲ့တာပါ။လႉဒါန္းမႈပုံရိပ္ေလးေတြမွာ ဖိနစ္သစ္ေလးေတြရလို႔ ဝမ္းသာအားရ ေပ်ာ္႐ႊင္ေနၾကတဲ့ စစ္ေရွာင္ကေလးငယ္ေတြရဲ႕ အၿပဳံးေတြကေတာ့ ျမင္ရသူတိုင္း ၾကည္ႏူးေစမွာေတာ့အမွန္ပါ။

Leave a Reply

Your email address will not be published. Required fields are marked *