နုပျိုပြီး အခါခါကြည့်တိုင်းမရိုးရအောင်ကိုလှနေတဲ့ မိုးဟေကို

မိုးဟေကိုကတော့ ခုချိန်ထိကို ကြာကြာကြည့်လေ ဆွဲဆောင်မှုပိုပြီး အလှတိုးလာလေဆိုတဲ့အလှမျိုးနဲ့ အောင်မြင်နေတဲ့ မင်းသမီးလေးပဲ ဖြစ်ပါတယ်။

ဝင်းဝါစိုပြေတဲ့ အသားအရေကို ပိုင်ဆိုင်ထားတဲ့ သူမက နေရာဒေသနဲ့ လိုက်ဖက်ညီတဲ့ ဖက်ရှင်တွေကို ရွေးချယ်ဝတ်ဆင်တတ်တဲ့ ဖက်ရှင်ဘုရင်မတစ်ဦးလည်း ဖြစ်ပါတယ်။

သူမရဲ့ ကိုယ်ခန္ဓာအချိုးအစားတွေက လှပလွန်းလို့ ပုရိသတွေရဲ့ ဝန်းရံခြင်းကိုပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ပွဲအခမ်းအနားတွေလည်း တက်ရောက်လေ့ရှိတဲ့ မိုးရဲ့ပွဲတက်ဖက်ရှင်တွေကတော့ အများနဲ့မတူ ထူးခြားစွာနဲ့ ခမ်းနားပေါ်လွင်နေခဲ့ပါတယ်။

မိုးကတော့ အခုချိန်ထိကို ပရိသတ်တွေ့ရဲ့ အားပေးမှုကို အခိုင်မာရရှိထားသူလေးလည်းဖြစ်ပါတယ်။သူမရဲ့ လှုပ်ရှားမှုပုံရိပ်များကို လူမှုကွန်ယက်ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာတွေ့ရပါတယ်။

လတ်တလောမှာလည်း မြန်မာ ဆန်ဆန်လေး ဝတ်ကာ သူမတူတဲ့အလှတရားတွေနဲ့ ပရိသတ်တွေရဲ့ အသည်းကိုခြွေလိုက်ပြန်ပါတယ်။ပုံလေးတွေတိုင်းကနုပျိုပြီး အခါခါကြည့်တိုင်းမရိုးရအောင်ကိုလှနေတာလည်း မိုးရဲ့ ကုသိုလ်ကံပါပဲနော်။ပရိသတ်ကြီးအတွက် မိုးရဲ့ ပုံလေးတွေကို မျှဝေပေးလိုက်ပါရစေ။








Leave a Reply

Your email address will not be published. Required fields are marked *