နွားမကြီးခမျာ ဝယ်တဲ့နေ့ကစပြီး အစာမစားပဲ မျက်ရည်တွေနဲ့ အော်ပဲအော်နေလို့ အရင်ပိုင်ရှင်အား မေးကြည့်တော့မှ

နွားမကြီးခမျာ ဝယ်တဲ့နေ့ကစပြီး အစာမစားပဲ မျက်ရည်တွေနဲ့ အော်ပဲအော်နေလို့ အရင်ပိုင်ရှင်အား မေးကြည့်တော့မှ

ဦးဝင်းမောင် တစ်ယောက် ညနေကျောင်းဆင်းချိန်တွင် သားဖြစ်သူပြန်လာမှာကို တွေးပြီး စိုးရိမ်နေမိသည်။”ဖေကြီးရေ ဖေကြီး” ဟော သားပြန်လာပြီ လှမ်းကြည့်လိုက်တော့

သားငယ်ဖြစ်သူ၏ မျက်နှာလည်းမကောင်း သားဖြစ်က ရုတ်တရက် ဖေကြီး ဒီနေ့ ညိုညို လာလည်းမကြိုဘူး အိမ်မှာလည်းမတွေ့ဘူး ဖေကြီး ဘယ်ရောက်သွားတာလဲ သားဖြစ်သူ၏ မေးခွန်းကို ဦးဝင်းမောင် တစ်ယောက်ဖြေရန်ခက်ခဲနေ သားရယ် သားနဲ့ ညိုညိုနဲ့ သံယောဇဉ်ကို ဖေကြီးသိပါတယ်ကွယ်။

ဒါပေမယ့် ဖေကြီးတို့စပါးကဒီနှစ် မအောင်လို့ စားဖို့အနိုင်နိုင် ဖြစ်နေတယ်လေ။နောက်နေ့အတွက် အဖေတို့မှာ ဆန်ဖိုး မရှိတော့လို့ ညိုညိုကို ဖေကြီး ရောင်းလိုက်ရတယ်ကွယ် ဆိုပြီးစကားလည်းဆုံးရော သားငယ်လေးက ညိုညိုကိုပြန်ခေါ်ပေးဆိုပြီး ငိုလိုက်တာမှ ချော့လို့မရအောင်ပဲ။

မတတ်နိုင်ဘူးလေ နောက်နေ့တွေအတွက် ဝမ်းစာက အရေးကြီးတယ်မလား သည်းခံရမှာပေါ့ဆိုပြီး သားငယ်အငိုတိတ်တဲ့အထိစောင့်ပြီး နားလည်အောင်ပြောပြမယ်ဆိုပြီး ဦဝင်းမောင် စိတ်ထဲ တွေးနေမိသည်။

သို့ပေမယ့်လည်း သားငယ်ကတော့ ညိုညိုမပါရင်ကျောင်းမသွားဘူး ဟုဆိုကာ ပေကပ်ကပ်လုပ်နေလေရဲ့ ထမင်းလည်းမစား အဲ့လိုနဲ့ သုံးရက်လောက်ကြာတော့ သားငယ်လေး အပြင်းဖျားရော အဖေဖြစ်သူကဘာလုပ်ရမှန်းမသိ ဆေးလည်းမသောက်ဘူး ဘာမှလည်းမစားဘူး။

ညနေရောက်တော့ ခြံဝမှာ ခြူသံလေးနဲ့ ညိုညိုအော်သံကြားတော့ သားငယ်လေးခေါင်းထောင်ကြည့်ပြီး ညိုညိုဆီကို အပြေးနှင်ပြီး ဖက်ပြီး ငိုပါတော့တယ်။

ဒါနဲ့ ညိုညိုကိုဝယ်သွားတဲ့ ကိုခင်မြင့်ကဒီနွားမကြီး ကျွန်တော့်အိမ် ရောက်တဲ့နေ့ကတည်းက အစာလည်းမစားဘူး မျက်ရည်တွေနဲ့ နေ့တိုင်းပဲ အော်ပဲအော်နေတာဗျာ ကျွန်တော်လည်း အစကတော့ ဒီလိုပဲအနေစိမ်းလို့ မစားတာထင်တယ်ဆိုပြီး စောင့်ကြည့်နေတာ

အခုက တစ်ရက်မဟုတ် နှစ်ရက်မဟုတ်နဲ့ သုံးရက်လောက်ဖြစ်လာတော့ ကျွန်တော် သနားလာတယ် သိလည်း သိချင်လာတယ် ဘာ့ကြောင့်လဲဆိုတာ အဲ့ဒါနဲ့ ကျွန်တော် ခင်ဗျားကိုမေးမယ်ဆိုပြီး သူ့ပါခေါ်လာတာဦးဝင်းမောင်ရေ အော် ဒါက ဒီလိုဗျ ဦးဝင်းမောင်က ရှင်းပြလေသည်။

ကျွန်တော့် ဇနီးဆုံးတော့ သားငယ်လေးက လသားအရွယ်ပဲရှိသေးတယ် အဲ့အချိန်မှာ ညိုညိုကလည်း သားကျထားတော့မိခင်နို့အစား ဒီနွားမကြီးရဲ့ နို့ကို ကျိုချက်ပြီးတိုက်ရတယ် အဲ့မှာ နို့တိုက်ဖို့က သားလေးအတွက်ပူစရာမလိုတော့ဘူး နောက် အရွယ်နည်းနည်းကြီး လမ်းလျှောက်တတ်တော့လည်း ဒီညိုညိုနဲ့ပဲ ဆော့တာလေ။

နောက် မူကြိုထားတဲ့ အရွယ်မှာလည်း သူ့ကို ညိုညိုက မူကြိုအထိလိုက်ပို့တယ်။ ညနေဆိုလည်း မူကြိုအထိသွားကြိုတယ်။

အဲ့ဒါကြောင့် သားငယ်လေးက ညိုညိုကို သံယောဇဉ် ဖြစ်နေတာကိုခင်မြင့်က အော် ဒါကြောင့် သူသားလေးကို သံယောဇဉ်ဖြစ်ပြီးမနေနိုင်တာကိုဆိုပြီး ကိုခင်မြင့်က ညိုညိုကို ဦးဝင်းမောင်ထံ ပြန်ပေးခဲ့ပါတယ်။

သားလေးနဲ့ ညိုညိုတို့ရဲ့ သံယောဇဉ် ကိုမခွဲရက်နိုင်တာကြောင့်အရင်ဝယ်ထားတဲ့ ပိုက်ဆံကိုတောင်မှ ပြန်မယူသွားတော့ပဲ ဒီအတိုင်းပြန်ခဲ့ပါတယ်။

လူနဲ့တိရိစ္ဆာန်လေးတွေ ကြားကသံယောဇဉ်တွေဟာ ပြောမပြတတ်အောင်ကို ကြီးမားကြပါတယ်။ အားလုံးပဲ နေကောင်း ကျန်းမာ ကြပါစေဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *