သီလရှင် ထွက်ပြီးနောက် ပရိသတ်တွေကြား ဝေဖန်မှုမြင့်တက်နေတဲ့ မေသက်ထားဆွေ

မြန်မာတေးသီချင်းများကို အသံချိုချိုလေးနဲ့သီဆိုတတ်ပြီး မြန်မာဝတ်စုံကိုသာ ဝတ်ဆင်လေ့ရှိတဲ့ အဆိုတော်မေသက်ထားဆွေကတော့ ငယ်စဥ်ကလေးဘဝကတည်းက

ဂီတတံခါးလေးများဖွင့်ပါဦး သီချင်းဆိုပြိုင်ပွဲနဲ့ ကြယ်ကလေးတွေရဲ့ ဂီတမိုးကောင်းကင်အဆိုပြိုင်ပွဲကနေတစ်ဆင့် လူသိများလာခဲ့တဲ့ အဆိုတော် တစ်ဦးလည်း ဖြစ်ပါတယ်။

သူမဟာ ၂၀၂၁ ခုနှစ်မေလမှာတော့ သာသနာ့ဘောင်ကို မယ်သီလရှင်အဖြစ်နဲ့ဝင်ရောက်ပြီး သီတင်းသုံးခဲ့တာဖြစ်ပါတယ်။

အောင်မြင်ကျော်ကြားတဲ့ အဆိုရှင်တစ်ယောက်ဖြစ်သလို ရှည်လျားတဲ့ ဆံနွယ်တွေဟာလည်း သူမကိုပိုပြီး ကျက်သရေရှိတဲ့မိန်းကလေးတစ်ယောက်ဖြစ်စေခဲ့ပါတယ်။

ငယ်စဉ်ကတည်းက သီချင်းဆိုပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သူမတူတဲ့အရည်အချင်းတွေကြောင့် အောင်မြင်မှုဆွတ်ခူးနိုင်ခဲ့တဲ့

ကလေးလေးဟာ တော်ရုံလူကြီးတွေတောင်မလုပ်နိုင်တဲ့ အမွန်မြတ်ဆုံးလုပ်ရပ်ကို ပြတ်သားနဲ့ဆုံးဖြတ်ချက်တွေနဲ့လုပ်ခဲ့တာပါ။

ယခုလည်း သီလရှင်မှထွက်ကာ၁၉ နှစ်ပြည့်မွေးနေ့လေးမှာ ကုသိုလ်တွေလုပ်နေတဲ့ပံုရိပ်လေးတွေတင်ပေးလာတာဖြစ်ပါတယ်။

ဇန်နဝါရီလ ၁၀ ရက်နေ့မှာကျရောက်ခဲ့တဲ့အဆိုတော်မေသက်ထားဆွေရဲ့ ၁၉ နှစ်ပြည့်မွေးနေ့လေး အလှူအဖြစ် ဗောဓိရိပ်ငြိမ်တောရ ကျောင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

” သမီးရဲ့(၁၉) နှစ်ပြည့် မွေးနေ့အလှူကုသိုလ်တွေနဲ့ ပျော်မွေ့ပြီးမေ့မရပါသောအမေကို
ကန်တော့ပါ၏ “လို့ရေးသားထားပါတယ်။

ဒါပေမဲ့လည်း ဝေဖန်နေသူ တစ်ချို့ကတော့ သီလရှင်ဝတ်တော့လည်း စကစ ကိုအားပေးနေတာမို့ သီလရှင်ဝတ်တယ်လို့ ဝေဖန်ခဲ့ကြသလို

သီလရှင်ထွက်ပြီး အလှူလုပ်ပြန်တော့လည်း တစ်သက်လုံး မဝတ်လို့ ဆိုပြီး ဝေဖန်မှုတွေနဲ့အတူ မေသက်ထားဆွေ ရဲ့ဖေ့ဘုတ်မှာ စည်ကားလို့နေပြန်ပါတယ်။

ပရိသတ်ကြီးလည်း ဝေဖန်မှုတွေ မြှင့်တက်နေတဲ့ မေသက်ထားဆွေကိုလည်း အားပေးစကားလေး ရေးပေးခဲ့ကြပါအုံးနော်..

Leave a Reply

Your email address will not be published. Required fields are marked *