ခွဲစိတ်ဖယ်ရှားခဲ့ရတဲ့ ဗီယက်နမ် အမျိုးသမီးတစ်ဦး၏ ဆီးအိမ်ထဲမှ ဧရာမကျောက်တုံးကြီး

ခွဲစိတ်ဖယ်ရှားခဲ့ရတဲ့ ဗီယက်နမ် အမျိုးသမီးတစ်ဦး၏ ဆီးအိမ်ထဲမှ ဧရာမကျောက်တုံးကြီး ဗီယက်နမ်နိုင်ငံမှာ မကြာသေးမီက ခွဲစိတ် ကုသခံခဲ့ရသော အမျိုးသမီးငယ်တစ်ဦး၏ ဆီးအိမ်မှ ဖယ်ရှားပစ်လိုက်သည့် ဧရာမ ဆီးအိမ်ကျောက်တုံး၏ ပုံများသည် လူမှုမီဒီယာများတွင်ပျံ့နှံ့ခဲ့သည်။

ဗီယက်နမ်နိုင်ငံ သေးငုယင်ရှိ ဖြူဘင် အထွေထွေရောဂါကု ဆေးရုံ အရေးပေါ်ခန်းတွင် ဖြစ်ပွားခဲ့သည့် အသက် ၃၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ ဖြစ်ရပ်နှင့် ပတ်သတ်၍ ဗီယက်နမ် မီဒီယာ အများအပြားကလည်း တင်ပြခဲ့ကြသည်။

ဆေးရုံတွင် စမ်းသပ်မှုများ ပြုလုပ်ပြီးနောက် CT scan က ထိုအမျိုးသမီး၏ ဗိုက်ထဲတွင် အလေးချိန် ၄၀၀ ဂရမ်နှင့် ၁၀-စင်တီမီတာကျော်သော ကျောက်တုံးကြီးကို ဖော်ပြခဲ့သဖြင့်အရေးပေါ် ခွဲစိတ်ကုသမှုခံယူခဲ့ရသည်။ ယင်းဖြစ်ရပ်သည် ဆေးရုံများတွင် အတော်လေးရှားပါးသော ဖြစ်ရပ် ဖြစ်ခဲ့သည်။

တူရကီနိုင်ငံ Urology ဂျာနယ်၏ ၂၀၁၄ ခုနှစ် ဖြစ်ရပ်မှန် အစီရင်ခံစာအရ ၁၀၀ ဂရမ်ကျော်လေးသည့် ကျောက်တုံးကြီးများသည် ဖယ်ရှား ပစ်ခဲ့ရသည့် ဖြစ်ရပ်ပေါင်း ၈၅ခုထက် မနည်းပါခဲ့ပြီး ယခု ဂရမ် -၄၀၀ ကိုမူ ဆေးဘက်ဆိုင်ရာ ထူးဆန်းမှု တစ်ခုအဖြစ် သတ်မှတ်ထားသည်။

သို့သော် ၂၀၁၆ ခုနှစ်က တရုတ် ဆရာဝန်များသည် ၅၄ နှစ်အရွယ် အမျိုးသား လူနာတစ်ဦး၏ ဆီးအိမ်မှ ၁,၀၄၈ ဂရမ်ရှိသော ကျောက်တုံးကြီးကို ဖယ်ရှားပေးခဲ့ဖူးပြီး တရုတ်နိုင်ငံ၏ မှတ်တမ်းတွင် အကြီးဆုံး ဖြစ်ခဲ့ဖူးသည်။

ခြဲစိတ္ဖယ္ရွားခဲ့ရတဲ့ ဗီယက္နမ္ အမ်ိဳးသမီးတစ္ဦး၏ ဆီးအိမ္ထဲမွ ဧရာမေက်ာက္တုံးႀကီး ဗီယက္နမ္ႏိုင္ငံမွာ မၾကာေသးမီက ခြဲစိတ္ ကုသခံခဲ့ရေသာ အမ်ိဳးသမီးငယ္တစ္ဦး၏ ဆီးအိမ္မွ ဖယ္ရွားပစ္လိုက္သည့္ ဧရာမ ဆီးအိမ္ေက်ာက္တုံး၏ ပုံမ်ားသည္ လူမႈမီဒီယာမ်ားတြင္ပ်ံ႕ႏွံ႔ခဲ့သည္။

ဗီယက္နမ္ႏိုင္ငံ ေသးငုယင္ရွိ ျဖဴဘင္ အေထြေထြေရာဂါကု ေဆး႐ုံ အေရးေပၚခန္းတြင္ ျဖစ္ပြားခဲ့သည့္ အသက္ ၃၄ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦး၏ ျဖစ္ရပ္ႏွင့္ ပတ္သတ္၍ ဗီယက္နမ္ မီဒီယာ အမ်ားအျပားကလည္း တင္ျပခဲ့ၾကသည္။

ေဆး႐ုံတြင္ စမ္းသပ္မႈမ်ား ျပဳလုပ္ၿပီးေနာက္ CT scan က ထိုအမ်ိဳးသမီး၏ ဗိုက္ထဲတြင္ အေလးခ်ိန္ ၄၀၀ ဂရမ္ႏွင့္ ၁၀-စင္တီမီတာေက်ာ္ေသာ ေက်ာက္တုံးႀကီးကို ေဖာ္ျပခဲ့သျဖင့္အေရးေပၚ ခြဲစိတ္ကုသမႈခံယူခဲ့ရသည္။ ယင္းျဖစ္ရပ္သည္ ေဆး႐ုံမ်ားတြင္ အေတာ္ေလးရွားပါးေသာ ျဖစ္ရပ္ ျဖစ္ခဲ့သည္။

တူရကီႏိုင္ငံ Urology ဂ်ာနယ္၏ ၂၀၁၄ ခုႏွစ္ ျဖစ္ရပ္မွန္ အစီရင္ခံစာအရ ၁၀၀ ဂရမ္ေက်ာ္ေလးသည့္ ေက်ာက္တုံးႀကီးမ်ားသည္ ဖယ္ရွား ပစ္ခဲ့ရသည့္ ျဖစ္ရပ္ေပါင္း ၈၅ခုထက္ မနည္းပါခဲ့ၿပီး ယခု ဂရမ္ -၄၀၀ ကိုမူ ေဆးဘက္ဆိုင္ရာ ထူးဆန္းမႈ တစ္ခုအျဖစ္ သတ္မွတ္ထားသည္။

သို႔ေသာ္ ၂၀၁၆ ခုႏွစ္က တ႐ုတ္ ဆရာဝန္မ်ားသည္ ၅၄ ႏွစ္အ႐ြယ္ အမ်ိဳးသား လူနာတစ္ဦး၏ ဆီးအိမ္မွ ၁,၀၄၈ ဂရမ္ရွိေသာ ေက်ာက္တုံးႀကီးကို ဖယ္ရွားေပးခဲ့ဖူးၿပီး တ႐ုတ္ႏိုင္ငံ၏ မွတ္တမ္းတြင္ အႀကီးဆုံး ျဖစ္ခဲ့ဖူးသည္။

Leave a Reply

Your email address will not be published. Required fields are marked *