သရုပ်ဆောင်မြနှင်းရည်လွင်ကို အရင်ကကဲ့ရဲ့မိခဲ့တဲ့အတွက် ပြန်လည်တောင်းပန်လာတဲ့ စားရေးဆရာအန်ကယ်လ်ဒေါင်း

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့စာရေးရောအန်ကယ်လ်ဒေါင်းကသရုပ်ဆောင်မြနှင်းရည်လွင်ကိုအရင်ကကဲ့ရဲ့မိခဲ့တဲ့အတွက် ပြန်လည်တောင်းပန်လာတဲ့အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်နော်။

စားရေးဆရာအန်ကယ်လ်ဒေါင်းကမြနှင်းရည်လွင်၊အစကကျနော်နာမည်တောင်မသိပါဘူး၊ကျနော်သူမကိုစသိတာထမင်းစားရင်းမေမေကြည့်နေတဲ့ဇာတ်လမ်းတွဲမှာသူ့ကိုဟန်နီချိုလို့ပဲမှတ်မိတဲ့အဖြစ်၊တကယ်အကြမ်းအရမ်းဗီလိန်ခန်း၊ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ဆန္ဒတွေပြခဲ့ကြတယ်။

ကျနော်ကိုယ်တိုင်အပါအဝင်ပေါ့၊သိပ်မကြာဘူးသူတို့ပါဆန္ဒပြကြတယ်၊အမေစုပုံစံနဲ့၊ဝန်ခံပါရစေ၊သူ့ကိုကိုယ်မသိခဲ့ဘူး၊ညီမကပြောတယ်အဲ့ဒါမြနှင်းရည်လွင်တဲ့၊ဘယ်သူတုန်းမေးလိုက်တယ်၊ကိုကို ပြောတဲ့ဟန်နီချိုလေတဲ့၊ဟားဟား၊ရယ်လိုက်မိတယ်။

အလကားပေါ်ပင်တွေ၊ကိုယ်ပြောလိုက်မိတဲ့စကားအချိန်တွေကြာလာတယ်၊ကိုယ်ကိုယ်တိုင်ခွေးပြေး ဝက်ပြေးပြေးရတယ်၊ဘေးလွတ်ရာကနေကျန်ခဲ့သူတွေနဲ့မထိရောက်ပေမယ့်အထိုက်အလျောက်တစ်ရာ့ ရှစ်ဆယ်ကျော်လူတွေအတွက်ကူညီနိုင်အောင် ကြိုးစားခဲ့တယ်။

ဂုဏ်ယူမိလိုက်တယ်၊ကိုယ့်ကိုယ်ကိုတာဝန်ကျေတယ်ပေါ့၊သိပ်မကြာဘူးPostတက်လာတယ်၊ကိုယ့်ကိုယ်ကိုရှက်မိတယ်၊တော်လိုက်တာဗျာ၊သူဌေးသမီး နွဲ့နွဲ့နှောင်းနှောင်းရယ်ကသေနတ်ကိုင်ကာတိုက်ပွဲဝင်လေသတဲ့မျက်လုံးပြူးမျက်ဆံပြူးကြည့်နေလိုက်ရတယ်။

ငါယောင်္ကျား၊ဘယ်မှာလည်းငါ့သတ္တိ၊အံ့ဩမိပါ၏၊တကယ်ပါ၊ယောင်္ကျားတိုင်းတောင်မစွမ်းနိုင်တဲ့ သတ္တိတွေနဲ့အားအင်အပြည့်၊မာန်ဝင့်ကာတိုက်ပွဲဝင်၊ဖွားလေးစုသမီးလို့ပြောရမလား၊ဒေါင်းမျိုးဆက်ပီသစွာတိမ်ပေါ်အထိပျံကာခွပ်တဲ့သတ္တိခဲသူမဇွဲကြောင့်ကိုယ့်ကိုယ်ကိုသိမ်ငယ်မိတယ်။

လေးစားပါတယ်ညီမမြနှင်းရည်လွင်၊လေးစားအားကျမှုများစွာဖြင့်အန်ကယ်လ်ဒေါင်းဆိုပြီးရေးသားဖော်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *