ပိုက်ဆံချေးသွားပြီးပြန်တောင်းတော့ မသိချင်ယောင်ဆောင်နေကြလို့ တချို့ လူတွေက စေတနာနဲ့မတန်ဘူးလို့ပြောလိုက်တဲ့ သရုပ်ဆောင် မျိုးစန္ဒီကျော်

ပရိသတ်ကြီးရေ သရုပ်ဆောင် မျိုးစန္ဒီကျော်ကတော့ လက်ရှိမှာ အနုပညာအလုပ်တွေ မလုပ်တော့ဘဲ သမီးလေးနဲ့သာ သာယာပျော်ရွှင်စရာကောင်းတဲ့ ဘဝလေး တည်ဆောက်ထားတာ ဖြစ်ပါတယ်။

Single Mother ဘဝနဲ့ သမီးလေးကို ပညာတတ်ကြီးဖြစ်အောင် ပြုစုပျိုးထောင်လျက်ရှိပြီး အခြား လုပ်ငန်းတွေကိုလည်း တစ်ယောက်တည်းဦးဆောင်လုပ်ကိုင်နေရသူပါ။ ဒီလိုတွေ ကြိုးစားရှာထားရတဲ့ ပိုက်ဆံတွေကို အသိမိတ်ဆွေတစ်ချိုမှ ချေးယူပြီးပြန်မဆပ်ကြတာကြောင့် စိတ်သောကရောက်နေရတာပါ။

မကြာသေးခင်က မျိုးစန္ဒီကျော်ရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ပိုစ်တစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့သူမဆီမှ ချေးထားတဲ့ ပိုက်ဆံတွေ ပြန်မဆပ်ဘဲ မသိသလိုလုပ်နေကြသူများကြောင့် အကြီးအကျယ် ဒေါသထွက်နေတာ ဖြစ်ပါတယ်။

” တချို လူတွေက စေတနာနဲ့မတန်ဘူး စေတနာနဲ့ လုပ်ပေးလိုက်တယ် လိုတုန်းက ငိုမလို ရီမလို သေမလိုနဲ့လာအကူညီတောင်းကြတယ် ပေးဖိုကျတော့ အသေလိုပဲ မသိချင်ယောင်ဆောင်နေကျတယ်ငါလည်းသူဌေးမဟုတ်ဘူးတွင်းထဲကရတဲ့ပိုက်ဆံမဟုတ်ဘူးရိုးရိုးသားသားနဲ့အပင်ပန်းခံရှာထားရတာ

အေး အလိုက်တသိနဲ့လာပြန်ပေးနော်မပေးလိုကတော့ Tag တွဲပြီးပြောမှမဂျိုးက လုပ်ရက်တယ် လာမပြောနဲ့ တချိုတွေ နှစ်ချီနေပြီအမျိုးအရင်းရော သူစိမ်းရောနားမလည်ဘူးရှက်တတ်ရင် လာပေးလိုက်တော့စောက်ရမ်းပေါက်လာပြီ

သဘောကောင်းတာကိုအခွင့်ရေးယူတာများနေပြီတော်ပြီ နောက်ဆို ဘယ်သူ့မှအကူညီမပေးတော့ဘူး အခုကူညီထားတဲ့လူတွေကိုလည်း အတိုးတကျပ်တောင်မယူထားတဲ့အပြင်ဘာပစ္စည်းမှလည်းအပေါင်ယူထားတာမဟုတ်ဘူးလူမလား လူဆိုလူလိုသိကွ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *