အမြန်ဆုံးနဲ့ ထိထိမိမိ ဝိတ်ကျသွားစေမယ့် နည်းလမ်းကောင်းလေးတစ်ခုကို ပရိတ်သတ်တွေအတွက် ပြောပြလာခဲ့တဲ့ ဝိုင်းစုခိုင်သိန်း

ပရိတ်သတ်ကြီးရေ အဆိုတော်၊သရုပ်ဆောင် ဝိုင်းစုခိုင်သိန်း ဟာ music mtv တွေရိုက်ကူးရင်း သရုပ်ဆောင်ကောင်းလွန်းတာကြောင့် နာမည်ရလာခဲ့တာပဲ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ ဗီဒီယိုဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးရင်း ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှု့ကို တစ်ခဲနက်ရရှိထားတဲ့ မင်းသမီးလေးတစ်လက်ဖြစ်လာခဲ့ပါတယ်။

ဒါအပြင် သူမရဲ့အနုပညာနောက်ထပ် ခြေလှမ်းတစ်ခုအနေနဲ့ ဂီတလောကကိုခြေချခဲ့ပြီး သီချင်းကောင်းများစွာ သီဆိုရင်းအဆိုတော်တစ်ဦးအနေနဲ့ ပရိသတ်လက်ခံအားပေးခဲ့မှု့ကို ရရှိခဲ့ပါတယ်။

လက်ရှိမှာ အနုပညာလှုပ်ရှားမှု့တွေမရှိတော့ပေမယ့် ပရိသတ်တွေအတွက် သူမရဲ့ လှုပ်ရှားမှု့လေးတွေ တောက်လျှောက်တင်ပေးနေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မိန်းကလေးပရိသတ်အတွက် နည်းလမ်းကောင်းလေးတစ်ခု ပေးလိုက်ပါတယ်။

ဝိုင်းစုခိုင်သိန်း ဟာ လက်ရှိမှာ အွန်လိုင်းပေါ်မှတစ်ဆင့် ယိုးဒယားမု့န်ဟင်းခါး နဲ့ ဖက်ထမင်းကို ကိုယ်တိုင်ချက်ပြီး ရောင်းချနေတာကို တွေ့ရပါတယ်။

သူမကိုယ်တိုင်ရောင်းချနေတဲ့ မုန့်ဟင်းခါး နဲ့ ဖက်ထမင်း ကို မှာယူကြတဲ့ Order များ များပြားလွန်းတာကြောင့် လက်မလည်အောင် ရောင်းချနေရပါတယ်။

ဒီလိုမနားမနေ ချက်ပြုတ်နေရတာကြောင့် သူမရဲ့ခန္ဓာကိုယ် အလေးချိန်တဖြည်းဖြည်း ကျဆင်းလာတယ်လို့ အရွှန်းလေးဖောက်ပြီး အခုလိုပဲ ရေးသားလာခဲ့ပါတယ်။

” ခုတော့ အဲ့လိုလုပ်စရာမလိုတော့ဘူး ပိန်ချင်ရင် gym မသွားနဲ့ အစားလည်းလျှော့စရာမလိုဘူး ဟင်းသာချက်ရောင်း တစ်နေ့ 1 ပေါင်နှုန်းနဲ့ကိုကျတာ ” လို့ ဝိုင်းစုခိုင်သိန်း ဟာသူမရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတဲ့ သတင်းလေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်။

ပရိတ်သတ်ကြီးရေ ဝိုင်းစုခိုင်သိန်း ကတော့ မိန်းကလေးပရိသတ်အတွက် ပိုက်ဆံမကုန်ဘဲ ဝိတ်ချစေမယ့် နည်းလမ်းကောင်းလေးကို မျှဝေပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဝိုင်းစု ပြောတဲ့ နည်းလမ်းလေးကို အသုံးပြုပြီး ဝိတ်တွေကျပြီး ကျန်းမာလှပနိုင်ကြပါစေနော်။

Leave a Reply

Your email address will not be published. Required fields are marked *