မြတ်နိုးတန်ဖိုးထားရတဲ့ မဂ်လာချစ်သက်လက်ဆောင်ကိုရောင်ချပြီး လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းပေးသွားမယ့် ဇဏ်ခီတို့ ဇနီးမောင်နှံ

မြတ်နိုးတန်ဖိုးထားရတဲ့ မင်္ဂလာချစ်သက်လက်ဆောင်ကိုရောင်ချပြီး လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းပေးသွားမယ့် ဇဏ်ခီတို့ ဇနီးမောင်နှံ

ပရိသတ်ကြီးရေ သရုပ်ဆောင် ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့ စုံတွဲလေးကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့စုံတွဲလေးတစ်တွဲပါ။

ပရိသတ်တွေက စုံတွဲလိုက်ကို ချစ်ခင်ပြီး အားပေးရတဲ့ အနုပညာရှင်စုံတွဲလေးတွေထဲမှာ တစ်တွဲအပါအဝင်အနေနဲ့ သတ်မှတ်ထားရတဲ့ စုံတွဲလေးလည်ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ဇဏ်ခီနဲ့ ခရစ္စတီးနားခီတဲ့ ဇနီးမောင်နှံကတော့ မြန်မာနိုင်ငံမှာ လိုအပ်တဲ့နေရာတွေကိုကူညီထောက်ပံ့နိုင်ဖို့ Charity Programတစ်ခုကို စတင်လိုက်ပါတယ်။

ဒီ Charity Program လေးရဲ့ ပထမဆုံး ကူညီလှူဒါန်းမှုအနေနဲ့ ဇဏ်ခီက ခရစ္စတီးနားခီကို မင်္ဂလာသက်တမ်း (၁၃)နှစ်မြောက်မှာ surprise လက်ဆောင်လေးအနေနဲ့ပေးခဲ့တဲ့ ဆွဲကြိုးလေးနဲ့ နားကပ်လေးကို မဲစနစ်နဲ့ ရောင်းချပြီး ရလာတဲ့ ငွေတွေကို လှူဒါန်းပေးသွားမှာပါတဲ့။

ခရစ္စတီးနားခီက အခုလို မင်္ဂလာချစ်သက်လကက်ဆောင်လေးကို Fundraising ပစ္စည်းလေးလုပ်ဖို့ ခွင့်တောင်းခဲ့ပြီး ဇဏ်ခီကလည်း နိုင်ငံအတွက်လိုအပ်တဲ့နေရာလှူဒါန်းမှာဖြစ်တဲ့ အတွက် ကြည်ကြည်ဖြူဖြူနဲက လက်ခံခဲ့ပါတယ်တဲ့။

ခရစ္စတီးနားခီကတော့ “ချစ်ခြင်းမေတ္တာဟာ အင်အားကြီးတဲ့ခွန်အားတစ်ခုဖြစ်စေတယ်လို့ ကိုဇဏ်နဲ့ခရစ္စကတော့ယုံကြည်ပါတယ်။

ဒီချစ်ခြင်းမေတ္တာတွေအပြည့်ပါတဲ့ မင်္ဂလာချစ်သက်လက်ဆောင်ကို နိုင်ငံရဲ့လိုအပ်တဲ့နေရာတွေမှာမျှဝေပေးချင်ပါတယ်။” ဆိုပြီး ပရိသတ်တွေကိုလည်း အတူတူမျှဝေကြဖို့လည်းဖိတ်ခေါ်ထားပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *