အမှိုက်ကောက်သမားဘဝမှ မြေပိုင်ရှင် မန္တလေး သူဌေးကြီးဖြစ်လာသူတစ်ယောက်အကြောင်း…

အမှိုက်ကောက်သမားဘဝမှ မြေပိုင်ရှင် မန္တလေး သူဌေးကြီးဖြစ်လာသူတစ်ယောက်အကြောင်း

ရေးသားသူ – ရန်နောင်ထွန်း ( Popular News Journal)လွန်ခဲ့သော နှစ် ၃ဝ ခန့်က မန္တလေး မြို့ ထွန်တုံးကျူးကျော် ရပ် ကွက်အတွင်း နေထိုင်ကာကျောင်းမနေ ခဲ့ရဘဲ ပလတ်စတစ်များလိုက်လံကောက် ယူ၍ အသက်မွေး ဝမ်းကျောင်းခဲ့ရသူတစ်ဦးရှိခဲ့ဖူး၏။

သူ့အမည်က မောင်ထွန်းနိုင်။မိဘများက ချမ်းသာခဲ့သော်လည်း ကံ ဇာတ်ဆရာ၏လှည့်ဖျားမှုကြောင့် မန္တလေး မြို့၏ အထင်အရ ၁၇ လမ်း ဦးကျားကြီး မီးလောင်မှုတွင်မိသားစုလိုက် ဆင်းရဲ တွင်းနက်ခဲ့ရသည်။ မွေးချင်း ၉ ယောက်အနက် ပဉ္စမ မြောက် သားတစ်ဦးဖြစ်သော မောင်ထွန်း နိုင်သည် မိသားစု ဆင်းရဲမှု ဒဏ်ကြောင့်အတန်းပညာကို လုံးဝနီးပါးသင်ကြားခြင်း မပြုခဲ့ရသော်လည်းအသက် ၁၃ နှစ်အရွယ် တွင် ရရာအလုပ်များ လုပ်ကိုင်ကာ မိသား စုကို ထောက်ပံ့ပေးခဲ့ရသည်။

“ကျွန်တော်က လမ်းဘေးအမှိုက်ပုံ တွေကို ပလတ်စတစ်လိုက်ကောက်ပြီး ခုလို ကုမ္ပဏီပိုင်ရှင်တစ်ဦးအဖြစ် ဘဝက ရပ် တည်နေတာလို့ပြောရင်ဘယ်သူမှ လက်ခံ မယ် မထင်ဘူး” ဟု တောက်ပြောင်သား နားစွာ ဝတ်ဆင်ထားသော အသက် ၄၂ နှစ်အရွယ် ဦးထွန်းနိုင်က တည်ငြိမ် ရင့် ကျက်ဟန်အပြည့်နှင့် ပြောသည်။

မောင်ထွန်းနိုင်၏ ဘဝ အလှည့်အ ပြောင်းက မောင်ထွန်းနိုင် ဖခင်ဖြစ်သူ ကွယ်လွန်ရာမှ စခဲ့သည်။ငွေကြေး အဆင် ပြေရာမှ ရုတ်တရက် မီးလောင်၍ မွဲခဲ့ရသူ မောင်ထွန်းနိုင် အဖေ သည် လောကကို စိတ်နာသည်လားမသိ၊အရက်ကိုသာ အ ဖော်လုပ်ခဲ့ပြီး ကျန်းမာရေး ချို့ယွင်းကာ ကွယ်လွန်ခဲ့ရသည်။

တိုက်တိုက်ဆိုင်ဆိုင် ပင် ကိုယ်ပိုင်မြေမဟုတ်သော ကျူးကျော် နယ်မြေတွင်နေထိုင်နေရသော မောင်ထွန်း နိုင်တို့အတွက်ဖခင်၏ အသုဘအခမ်းအ နားပြင်ထားသော အိမ်စုတ်စုတ်လေးကို သက်ဆိုင်ရာက ဖျက်သိမ်းပေး ရန်ပြော လာ သည်။ပြေးစရာမြေမရှိသော မောင်ထွန်းနိုင်က အသုဘပြီးအောင် စောင့်ပေးစေ လိုကြောင်းသက်ဆိုင်ရာကို တောင်းပန် ခဲ့သော်လည်း နောက်ဆုံးရလဒ်က လက် ထိပ်နောက်ပြန်ခ တ်၍ ရဲစခန်းသို့ ပါသွား ၍ အချုပ်ထဲအိပ်လိုက်ရခြင်းပင်ဖြစ်သည်။

အေးအေးဆေးဆေး အိပ်စက်ရသည်မဟုတ်ဘဲအထုအထောင်း ခံခဲ့ရသော မောင်ထွန်းနိုင် ရဲစခန်းမှ ပြန် ထွက်လာချိန် တွင် လမ်းပင်မလျောက်နိုင်ဘဲ လိုင်းကား ပေါ် တင်ပေးခံလိုက်ရခြင်းဖြစ်သည်။

ထို အဖြစ်အပျက်များက မြေပိုင်မရှိ၍ ဖခင် အသုဘ ပင် ကော င်းကောင်း မချလိုက် ရ လေခြင်းဟူသော ဘဝကို နာကြည်းစိတ် ဖြစ်ပေါ်လာခဲ့သည်ဟု ဦးထွန်းနိုင်က ယင်း ၏ မိသားစုနှင့် ငယ်ဘဝ ခါးသီးမှုများ ကို ပြန်ပြောင်းပြောပြသည်။မောင်ထွန်းနိုင်သည် အရွယ်နှင့် မမျှ အောင် အလုပ် လုပ်ခဲ့ရသူ ဖြစ်သည်။ ကလေးအရွယ်နှင့်မမျှအောင် ခါးသီးသည့် လောကဓံကို ဖြတ်ကျော်ခဲ့ရသူ ဖြစ်သည်။

သူ့ဘဝတွင် စား စရာ မရှိ၍ ဘုန်းကြီး ကျောင်းများတွင် လှမ်းထားသည့် ထမင်း ခြောက်တောင်း၍ ဆန်ပြုတ်သဖွယ် ပြန် လုပ်၍ စားသောက်ခဲ့ဖူးသည်။ဈေးချိုတွင် ပစ္စည်းများထည့်သော ဂုံနီအိတ် ကို ခြုံ၍မန္တလေး၏အအေးဒဏ်ကို ခါးဆီးခံရင်း အိပ်ရာဝင်ခဲ့ရသည်။မိသားစု၏ အခက်အခဲကိုကြည့်မနေနိုင်သော မောင်ထွန်းနိုင်အတွက် ငွေရဖို့ အတွက် ဘာမဆို လုပ်မည် ဟုတွေးခဲ့ဖူးသည်။

သို့သော် ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်သောကြောင့် သမ္မာအာဇီဝကျသော အလုပ်ကိုသာလုပ်မည်ဟု ဆုံးဖြတ်ခဲ့ ကြောင်း ပြန်ပြောင်းပြောသည်။ပထမဆုံး စလုပ်သည့်အလုပ်က လက်ဝှေ့ပွဲ၊ဘုရားပွဲ များတွင် ပလတ်စတစ်လိုက်ကောက်ခြင်း ဖြစ်သည်။ ဒိုင်ကိုပြန်သွင်းလျှင် ပိုက်ဆံရကြောင်း မောင်ထွန်းနိုင်သိသည်။ ထို့ကြောင့် ပလတ်စတစ်များ ကောက်ယူ၍ အဟောင်းဆိုင်များကို ရောင်းသည်။

ငယ်စဉ်ကတည်းက ကျောင်းမနေရသော မောင်ထွန်းနိုင်အတွက် ကျောင်းများတွင် ဟစ်ကြွေးေနသော စာအံသံသည် ဘယ် တော့မှမမက်နိုင်သော အိပ်မက်သာ ဖြစ်ခဲ့ ရသည်။’

ဒီလို ပလတ်စတစ်ကောက်ပြီး ပြန် ရောင်းရင်ပိုက်ဆံရမှန်း ကျွန်တော်သိတယ်။ အဲ့ဒီကစပြီး အကုန်အပ်ချိတ်နဲ့ တုတ် လေးနဲ့ ချည်ပြီး လိုက်ထိုးပြီးကောက်တာ ပဲ” ဟု ဦးထွန်းနိုင်က လောကဓံကို လှောင် ပြောင်လေသည်လော၊ဘဝအမောများကို ဟာသလုပ် သည်ေလာ သေချာမသိနိုင်သည့် ရယ်မောခြင်းဖြင့် ရယ်၍ပြောဆိုသည်။လောကဓံဆိုး လက်သီးနှင့်ထိုး ထူးခြားသော ဘဝ၏ အမှတ်တရ တစ်ခုလည်း ရှိခဲ့ပါသည်။

မန္တလေးမြို့ လေးမျက်နှာဘုရားပွဲ ရပ်ကွက် လက်ဝှေ့ပွဲတစ်ခုတွင် မောင်ထွန်း နိုင် ဝင်ရောက်ထိုးသတ်ခဲ့သည်။ လက်ဝှေ့ ပွဲဝင်ထိုးရခြင်းကလည်း ထိုးတတ်၍မဟုတ်။ လက်ဝှေ့ပြိုင်ပွဲတွင် ထိုးသတ်မည့် ရပ် ကွက်ထဲမှတစ်ယောက်က ရောက်မလာသောေကြာင့် ၊ ငွေငါးကျပ်ရ မည်ဟုဆိုသော ကြောင့်သာ ဝင်ရောက်ထိုးသတ်ခဲ့ခြင်းဖြစ် သည်။လက်ဝှေ့မထိုးခင်ရသည့် ငါးကျပ်ကို သူနှင့်အတူပါလာသော ညီဖြစ်သူကို ပေး ၍အမေတို့ ထမင်းစားဖို့ ဟုဆိုကာ ပေးခိုင်းခဲ့သည်။ ကံကောင်းသည်။ မောင်ထွန်း နိုင်လက်ဝှေ့ပွဲတွင် အနိုင်ရခဲ့သည်။ တတ် ၍မဟုတ် ရပ်ကွက်များတွင်း ထိုးသည့် လက်ဝှေ့ပွဲဖြစ်သည့် အားလျော်စွာ ရမ်း သန်းထိုး၍ အနိုင်ရခဲ့ခြင်း ဖြစ်သည်။

အနိုင်ရပြီးနောက် ဆုချငွေ ၁၅ ကျပ်ရရှိ ခဲ့သည်။ သဒ္ဓါတရား ထက်သန်သော မောင်ထွန်းနိုင်သည် ယင်းအနိုင်ရသော ဆု ငွေများထဲမှ ၃ ကျပ်ကို လေးမျက်နှာဘုရား အတွက် လှူဒါန်းခဲ့ပြီး ပိုလျှံသည့် ငွေများ ကို စုဆောင်းခဲ့သည်။

ထို့နောက် မကြာ မကြာ ပိုက်ဆံလိုချင်၍ လက်ဝှေ့ တက် တက်ထိုးသည်။ ရှုံးသည့်အခါလည်း ရှုံး၊ နိုင်သည့်အခါလည်း နိုင်သည်။နိုင်ရင် ဆုကြေးငွေရတတ်သဖြင့် ထိုငွေများကို အရင်းတည်၍ မောင်ထွန်းနိုင်တစ်ယောက် ဘဝတူပလတ်စ တစ်ကောက် သူများထံမှ အဟောင်းများ ပြန်လည်ဝယ်ယူကာ ဒိုင် များကို ပြန်လည် ရောင်းချရင်း ငွေစု ဆောင်းခဲ့သည်။

သူ၏ခြေမြန်တော်ဟုခေါ် ဆိုရမည့် စက်ဘီးကလေးကို ငှား၍ စီးနင်း ကာလိုက်လံကောက်ယူခဲ့ခြင်း ဖြစ်သည်။”လက်ဝှေ့ကတော့ မထိုးတတ်ဘူးဗျာ။ ထိုးခါနီးလောက်မှာ သင်ပေးတာပေါ့။သဲအိတ်တွေဘာတွေလည်း ထိုးခိုင်းတာပဲ” ဟု သူ၏ ညိုနေသော လက်ဆစ်နေရာ များကို ကိုင်ကြည့်ရင်း ပြောဆိုကာ

အ တိတ်ကို ပြန်လည်သတိရသွားပုံရသည်။ ”ဂျပ်စက္ကူ၊ သံတို၊ သံစဘူး အခွန်တွေ အားလုံး ကောက်တယ်။ နောက်လိုက် ကောက်တဲ့သူတွေ အချင်းချင်းထံက ပြန် ကောက်ယူတယ်။ ပြီးတော့ ဒိုင်ခွဲအနေနဲ့ လုပ်ကိုင်ခဲ့ပါတယ်” ဟုသူကပြန်ပြောပြသည်။ထိုသို့ စုဆောင်းရင်း မောင်ထွန်းနိုင် ၏ စုဘူးဖြစ်သော ဝါးဆစ် ဘူးထဲတွင် ငွေ ၂ သောင်းခန့် စုမိလာချိန်တွင် ဆင်ခြေဖုံး နေရာတစ်ခုမှ ၄ သောင်းတန်မြေကွက် တစ်ကွက်ကို သဘောကျ၍ ဝယ်လိုသည်။

သို့သော်လက်ထဲမှာ ငွေက မပြည့် သဖြင့် ၄ သောင်းတန် မြေကွက်အား ၂ သောင်း ဖြင့်ဝယ်၍ ၂ သောင်းကို မြေအပေါင် သဘောဖြင့် မြေတစ်ကွက် စတင်ဝယ်ယူခဲ့ သည်။ ထိုသို့ဝယ်ယူပြီးနောက် အပေါင် ကြွေးဆပ်ရန်မောင်ထွန်းနိုင် ပို၍ အလုပ် လုပ်ရသည်။နှစ်နှစ်အတွင်း အကြွေးကျေ ခဲ့သည်။ မကျေလျှင်လည်း မြေပါဆုံးတော့ မည်ဖြစ်သည်။ ထိုသို့ဖြင့် မောင်ထွန်းနိုင် အသက် ၁၅ နှစ်အရွယ်ခန့်တွင် မြေကွက် တစ်ခု ပိုင်ဆိုင်သောသူ ဖြစ်လာခဲ့သည်။

ထို့နောက် ယင်းအလုပ်လုပ်ကိုင်ရာတွင် အမြဲအတူတူရှိခဲ့သော စက်ဘီးကလေးကို လည်း အငှားမှ အပိုင်ဝယ်နိုင်ခဲ့ပြီဖြစ်သည်။တစ်နေ့ တစ်လံနှင့် ကိုယ်သည်သာ ကံဇာတ်ဆရာ၊ ထို့နောက်မန္တလေးမြို့ပုံနှိပ် စက်များရှိသတင်းစာအဟောင်းများ၊ စက္ကူ ဖြတ်စများ လိုက်လံဝယ်ယူ၍ ဒိုင်များကို ပြန်သွင်းကာ ပိုက်ဆံစုခဲ့သည်။ မကြာမီ တစ်နှစ်အတွင်း တစ်သိန်းနှစ်သောင်းတန် ကြေးရှိသော မြေတစ်ကွက်ကို စုဆောင်း ငွေထဲမှ ထပ်မံဝယ်ယူလိုက်ပြန်သည်။

ထိုသို့ စုဆောင်း ရင်း မြေ ဝယ်ရင်းဖြင့် ၁၉၉၇ ခုနှစ်အရောက်တွင် မြေဈေးများ တက် လာသည်တွင် ယင်းအနေဖြင့် မြေများ ၆ ကွက်အထိ ပိုင်ဆိုင်နေပြီး မြေကွက်အ ရောင်းအဝယ်များ စတင် လုပ်ကိုင် ခဲ့သည်။

ဘာသာတရားကိုင်းရှိုင်း၍ ငယ်စဉ် ဘဝကပင် အလှူရက်ရောသော ဦးထွန်း နိုင်သည် ယင်းအသက် ၂ဝ ခန့်အရွယ်မှစ၍ ဘုရားများ ပြုပြင်ခြင်း၊ ဘုရားများ တည် ခြင်း များကို ပြုလုပ်ခဲ့သည်မှာ ၂ဝ၁၆ ခုနှစ် သြဂုတ်လ၊ယင်းအသက် ၄၂ နှစ်အရွယ်တွင် ဘုရား အဆူပေါင်း ၁ဝ၁ ဆူတိတိ ပြုပြင် ခြင်း၊ ဘုရားအသစ် များတည်ခြင်းတို့ ကို ပြုလုပ် လှူဒါန်းခဲ့သည်။”ကျွန်တော်အမြဲ လှူဒါန်းချင်တယ်။ ဘုရားတွေလည်းတည်တယ်။

ပြိုပျက်နေ တာ တွေတွေ့ရင်လည်း ပြန်ပြင်ပါတယ်။ ကျွန်တော့် စိတ်ထဲ အဲ့ဒီလို ဘုရားတည် နေရင် ကျွန်တော့် စီးပွားရေးလည်း တက် တယ်လို့ထင်တယ်” ဟု ဦးထွန်းနိုင်က သူ့ယုံကြည်မှုကို ဖွင့်ဟသည်။အတန်းပညာ မနေခဲ့ရ၍ ငယ်စဉ်က တည်းက လူများ၏ လိမ်လည်လှည့်ဖျား ခြင်းကို မကြာခဏ ခံရသော်လည်း ယင်း၏ ကျွမ်းကျင်ရာ နယ်ပယ်ဖြစ်သော မြေ ရောင်းဝယ်ရေးတွင် ယှဉ်နိုင်ရန်ခဲယှဉ်းမည် ဖြစ်သည်။ယခုဆိုလျှင် မန္တလေး အနီးအ နားနှင့် စစ်ကိုင်း တွင် မြေဧကရာနှင့်ချီ ပိုင်ဆိုင်နေပြီး မန္တလေးမြို့တွင် အလုပ် သမား ၅ဝ ခန့်ရှိသော အထင်ကရ အိမ် ခြံမြေကုမ္ပဏီကြီးတစ်ခုကို အုပ်ချုပ်စီမံနေသည်။

မိခင်ဖြစ်သူနှင့် ညီအစ် ကို မောင်နှမ များကိုလည်း ကောင်းမွန်စွာထားနိုင်သော အနေအထားထိရောက်ခဲ့ရသည်။သို့သော် လည်း ”တစ်ခါတစ်ခါ ဒီပိုင်ဆိုင်မှုတွေနဲ့ နေရတာကို စိတ်ပျက်မိတယ်။ အရင် တုန်း ကလို ဈေးချိုနားမှာဂုံနီအိတ်တွေနဲ့ ခြုံပြီး အိပ်ရတဲ့ ဘဝကတောင် ပိုကောင်းဦးမယ် လို့ တွေးမိတယ်” ဟု စိတ်ပျက်လက်ပျက် ညည်းညူသည်ငယ်ဘဝ အလုပ်ပင်ပန်းစွာ လုပ်ကိုင်ခဲ့ရသည်ကို ကိုယ်ချင်းစာ၍လားပင်မသိ။

ယင်း၏ ခြံထဲတွင် အလုပ်သမားများကို ဘန်ဂလိုလေးများ ဆောက်၍ နေထိုင်ခွင့် ပေးထားသည့်အပြင် အလုပ်သမား များ ပင်ပန်းပါက အနားယူနိုင်ရန် ကာရာအို ကေခန်းများပင် ထည့်သွင်း တည်ဆောက် ပေးလိုက်သေးသည်။အတိတ်သည်ဖက်တွယ် တမ်းတစရာ တော့ မဟုတ်။ သို့သော် ဘဝမမေ့အောက် ခြေ မလွတ်ခြင်းကလည်း တိုးတက်ကြီးပွား ခြင်း၏ အကြောင်းရင်း တစ်ချက်ဖြစ်ပါ မည်။

ငါ ဘာလုပ်ခဲ့သည် ဆိုခြင်းကို ပြန် တွေး၍ တစိမ့်စိမ့်အရသာခံရန် မဟုတ် သော်လည်း မိမိဘဝကို အကျိုးပြုခဲ့သည် တို့ကို ကတညုတ ကတဝေဒီ ဟူသော မင်္ဂ လာ တရားတော်နှင့် အညီအထူးတလည် တန်ဖိုးထားခြင်းကကောင်းသော အကျင့် ဖြစ်ပါသည်။ ဤသည်ကပင် ဦးထွန်းနိုင် အောင်မြင်ခဲ့ခြင်း၏ လျှို့ဝှက်ချက် လည်း ဖြစ်နိုင်ပါသည်။

အဘယ့်ကြောင့် ဆိုသော် ဦးထွန်းနိုင် နှင့်အတူအလုပ်များ စတင်လုပ်ကိုင်စဉ် ကတည်းက အတူတူရှိခဲ့သော စက်ဘီး ကလေးမှာ ဦးထွန်းနိုင်၏ ကြီးမားလှသော ဘုရားခန်း အတွင်း နေရာ ယူထား သည်မှာထိုအချက်ကို ဖော်ပြနေသယောင်ပင် မဟုတ်ပါလား။

Leave a Reply

Your email address will not be published. Required fields are marked *