မိမိမွေးနေ့ရောက်တိုင်း ဒီလိုလေးလုပ်ပါ

မိမိမွေးနေ့ရောက်တိုင်း ဒီလိုလေးလုပ်ပါ

မွေးနေ့ရောက်တိုင်း ဒီလိုလေးလုပ်ကြည့်ပါ။ (၁၈) ရက်ကျင့်စဉ်ထူး = မိမိတို့မွေးနေ့မှစ၍ (၁၈) ရက်တိုင်တိုင်ကျင့်ဆောင်ရပါမည်။ မိမိတို့မွေးနေ့တွင်ကြေးဖလားနှင့်ဖြစ်စေ ငွေဖလားနှင့်ဖြစ်စေ ရေသန့်သန့်ထဲ့ပြီး သပြေပန်းများလှုဒါန်းထားပါ။

ရေကိုနေ့စဉ်နေထွက်စဉ် အချိန်တိုင်းလဲလှယ်ပေးပါ။ ပန်းညှိုးလျှင်အသစ် လှုဒါန်းပေးပါ။ ရေလဲပန်းလဲလှုဒါန်းပြီးချိန်တိုင်း အောက်ပါဂါထာအား (၉) ခေါက်ရွတ်ဖတ်ပါ။

“ ဣဒ္ဓိိမန္တောစယေဒေဝါ၊ ဝသန္တာဣဓသော သနေ၊ တေပိအမှေနုရက္ခန္တု၊ အရောဂေန သုခေနစ ” အနက်မှာဣဓသောသနေ ခြောက်သွယ်ဘုန်းရောင် ထိန်ထိန်ပြောင်သည့် အခေါင်ထွဋ္ဋ်ထား ရှင်တော်ဘုရား၏ သုံးပါးသိက္ခာ ဤသာသနာ၌၊ ဝသန္တာ မှီတင်းညွတ်စ ကျင့်ကြံနေထိုင်ကြကုန်သော၊ဣဒ္ဓိမန္တော လွန်ကဲထူးခြား ကြီးကျယ်ခမ်းနားသော တန်ခိုးရှိကြကုန်သော ယေဒေဝါအကြင်နတ်တို့သည်လည်း သန္တိရှိကြကုန်၏။

တေပိထိုတန်ခိုးကြီးမြတ်သာသနာ၌ နေထိုင်ကြကုန်သောနတ်များအပေါင်းတို့သည် အမှေငါတို့ကို အာရောဂေနစ အနာရောဂါကင်းရေးအားဖြင့်လည်းကောင်း၊သုခေနစ ကိုယ်စိတ်နှစ်ဖြာအေးကြည်သာ၍ ဗျာပါကင်းဝေးချမ်းသာရေးအားဖြင့်လည်းကောင်း၊ အနုရက္ခန္တု ရင်သားပမာကရုဏာဖြင့် ရှုကာရွေးကောက်ဘေးမရောက်အောင် အစဉ်စောင့်ရှောက်ကြပါ စေကုန်သတည်းဟု အနက်ပါရွတ်ဖတ်လျှင်ပို၍ကောင်း၏။

ဤသို့ကျင့်ဆောင်အားထုတ်ခြင်းဖြင့် တွေ့ကြုံဆုံဆည်းရသော ဘေးရန်အမျိူးမျိူး အနှောက်အယှက်အမျိူးမျိူးကာကွယ်တားဆီး၍ မရရှိသေးသောစည်းစိမ် ဥစ္စာရတနာများရရှိစေခြင်း စိတ်ဓာတ်တည်ငြိမ်မှု့ရရှိစေခြင်း စသောအကျိူးကျေးဇူးရရှိစေသည်။

ရွှေပေါ်ကျွန်းဆရာတော်

မိမိေမြးေန႔ေရာက္တိုင္း ဒီလိုေလးလုပ္ပါ

ေမြးေန႔ေရာက္တိုင္း ဒီလိုေလးလုပ္ၾကည့္ပါ။ (၁၈) ရက္က်င့္စဥ္ထူး = မိမိတို႔ေမြးေန႔မွစ၍ (၁၈) ရက္တိုင္တိုင္က်င့္ေဆာင္ရပါမည္။ မိမိတို႔ေမြးေန႔တြင္ေၾကးဖလားႏွင့္ျဖစ္ေစ ေငြဖလားႏွင့္ျဖစ္ေစ ေရသန႔္သန႔္ထဲ့ၿပီး သေျပပန္းမ်ားလႈဒါန္းထားပါ။

ေရကိုေန႔စဥ္ေနထြက္စဥ္ အခ်ိန္တိုင္းလဲလွယ္ေပးပါ။ ပန္းညႇိဳးလွ်င္အသစ္ လႈဒါန္းေပးပါ။ ေရလဲပန္းလဲလႈဒါန္းၿပီးခ်ိန္တိုင္း ေအာက္ပါဂါထာအား (၉) ေခါက္႐ြတ္ဖတ္ပါ။

“ ဣဒၶိိမေႏၲာစေယေဒဝါ၊ ဝသႏၲာဣဓေသာ သေန၊ ေတပိအေမွႏုရကၡႏၲဳ၊ အေရာေဂန သုေခနစ ” အနက္မွာဣဓေသာသေန ေျခာက္သြယ္ဘုန္းေရာင္ ထိန္ထိန္ေျပာင္သည့္ အေခါင္ထြဋၬ္ထား ရွင္ေတာ္ဘုရား၏ သုံးပါးသိကၡာ ဤသာသနာ၌၊ ဝသႏၲာ မွီတင္းၫြတ္စ က်င့္ႀကံေနထိုင္ၾကကုန္ေသာ၊ဣဒၶိမေႏၲာ လြန္ကဲထူးျခား ႀကီးက်ယ္ခမ္းနားေသာ တန္ခိုးရွိၾကကုန္ေသာ ေယေဒဝါအၾကင္နတ္တို႔သည္လည္း သႏၲိရွိၾကကုန္၏။

ေတပိထိုတန္ခိုးႀကီးျမတ္သာသနာ၌ ေနထိုင္ၾကကုန္ေသာနတ္မ်ားအေပါင္းတို႔သည္ အေမွငါတို႔ကို အာေရာေဂနစ အနာေရာဂါကင္းေရးအားျဖင့္လည္းေကာင္း၊သုေခနစ ကိုယ္စိတ္ႏွစ္ျဖာေအးၾကည္သာ၍ ဗ်ာပါကင္းေဝးခ်မ္းသာေရးအားျဖင့္လည္းေကာင္း၊ အႏုရကၡႏၲဳ ရင္သားပမာက႐ုဏာျဖင့္ ရႈကာေ႐ြးေကာက္ေဘးမေရာက္ေအာင္ အစဥ္ေစာင့္ေရွာက္ၾကပါ ေစကုန္သတည္းဟု အနက္ပါ႐ြတ္ဖတ္လွ်င္ပို၍ေကာင္း၏။

ဤသို႔က်င့္ေဆာင္အားထုတ္ျခင္းျဖင့္ ေတြ႕ႀကဳံဆုံဆည္းရေသာ ေဘးရန္အမ်ိဴးမ်ိဴး အေႏွာက္အယွက္အမ်ိဴးမ်ိဴးကာကြယ္တားဆီး၍ မရရွိေသးေသာစည္းစိမ္ ဥစၥာရတနာမ်ားရရွိေစျခင္း စိတ္ဓာတ္တည္ၿငိမ္မႈ႕ရရွိေစျခင္း စေသာအက်ိဴးေက်းဇူးရရွိေစသည္။

ေ႐ႊေပၚကြၽန္းဆရာေတာ္

Leave a Reply

Your email address will not be published. Required fields are marked *