“နာဂရိုးရာ နှစ်သစ်ကူးပွဲနေ့သို့မရောက်ဖြစ်ပေမယ့် နာဂလူမျိုးတွေကို သတိရကြောင်းပြောလာတဲ့ ဝေဠုကျော်”

အနုပညာလောကမှာ နာမည်တစ်လုံးရရှိတဲ့အထိ အောင်မြင်မှုတွေကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ ဝေဠုကျော်ကတော့ ပရဟိတအလုပ်တွေကို လုပ်ကိုင်နေသူဖြစ်ပါတယ်။

ဒီလိုကာလမှာဆိုရင်လည်း ပိုလိုတောင် အကူအညီလိုအပ်နေသူတွေ အများအပြားရှိနေတာမို ဝေဠုကျော်ဖောင်ဒေးရှင်းကလည်း လက်လှမ်းမှီသလောက် လိုက်လံကူညီပေးခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် အခြားသော ပရဟိတ လုပ်ငန်းတွေကိုလည်း ကိုယ်တိုင် မမေမပန်းနိုင်အောင် နေ့ရက်တိုင်း လိုက်လံ ကူညီဆောင်ရွက်ပေးနေတာ လေးစားစရာပါပဲ ။ ဒီရက်ပိုင်းတွေမှာ ဆိုရင်လည်း တောင်တန်းဒေသက တိုင်းရင်းသား ပြည်သူတွေ အတွက် အနွေးထည်များ ဆက်တိုက် လှူဒါန်းပေးနေတာကိုလည်း တွေ့ရပါတယ် ။

သူရဲ့ လှုပ်ရှားမှု လေးတွေကိုလည်း အမြဲဖော်ပြပေးလေ့ရှိရာ အခုလည်း နာဂရိုးရာ နှစ်သစ်ကူးနေ့လေးမှာ သူ သွားရောက်လည်ပတ်ခဲ့စဉ်က အမှတ်တရ ပုံလေးတွေကို ” Happy “NAGA” New Year (15.1.2022)

အာဟေး .. အာဟေး .. အာဟေး ပွဲတော်မလာရတော့ သတိရနေတယ် နာဂအမျိုးတိုရေ ” ဆိုတဲ့ စာလေးနဲ့အတူ ရေးသားဖော်ပြထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။






Leave a Reply

Your email address will not be published. Required fields are marked *